Chapter - 13 (Part 1)

652 124 6
                                    

Unicode

အ​ကြောင်းတရားနဲ့ အကျိုးဆက်များ ~

ငါ ကျောင်းကုန်းဇီနဲ့ငါတို့ရဲ့ တိုက်ခန်းကို ပြန်ပြောင်း​သွားခဲ့ပြီး ငါတို့ခွေးကို ကျင်းရှန့်ဆီက​နေ ပြန်ယူဖို့အတွက် သွားခဲ့တယ်။ ကျင်းရှန့်က သူ့ကို ပြန်မပေးချင်ဘူး။ သူ့တံခါး​ရှေ့ကို ငါတို့ရောက်သွားတဲ့အချိန်မှာ ဟမ်းက တံခါးဖွင့်လိုက်တာနဲ့တစ်ပြိုင်နက် မ​တော်တဆ ထွက်ပြေးသွားခဲ့တယ်လို့ သူက ပြောတယ်။ သူပြောပြီးတာနဲ့ ခွေး​ဟောင်တဲ့အသံက အခန်းထဲက​နေ ထွက်ပေါ်လာခဲ့တယ်။ ငါတို့အကုန်လုံး အရမ်း​နေရခက်သွားခဲ့ကြတယ်။

ကျင်းရှန့်မှာ တံခါးကိုဖွင့်ပြီး​တော့ ဟမ်းကို လွှတ်ပေးလိုက်ရုံသာ တတ်နိူင်ခဲ့တယ်။

ဟမ်းက ငါနဲ့​ကျောင်းကုန်းဇီကိုမြင်​တော့ အမြီးနှံ့ကာ ထွက်လာခဲ့ပြီးနောက် အမြီးကို ဝှေ့ယမ်းပြီးတာနဲ့ ကျင်းရှန့်ရဲ့ ခြေထောက်​​ဘေးမှာ ကပ်​နေခဲ့တယ်။ ငါတို့ သူ့ကိုဆွဲခေါ်ရင်တောင်မှ သူက သွားမှာမဟုတ်ဘူး။ အခုတော့ ငါတို့​တွေ ပိုလို့တောင်မှ ​နေရအဆင်မပြေဖြစ်သွားခဲ့တယ်။

​ကျောင်းကုန်းဇီက ​ပြောတယ်, "သူ့ကိုပဲ ဆက်ပြီး​စောင့်​ရှောက်ခွင့်​ပေးထားလိုက်ရအောင်, ဒီနည်းနဲ့ ငါတို့ ပိုက်ဆံ​ချွေတာလို့ရတယ်"

အခုအချိန်မှာ ငါတို့ ပိုက်ဆံ​ချွေတာသင့်တာကတော့ အမှန်ပဲ။ သခင်ကြီး​ကျောင်းစီက ​​ကျောင်းကုန်းဇီကို ​နေထိုင်စရိတ်မပေးတော့ဘူး​လေ။ အဲ့အပြင် သူ့ကို မန်နေဂျာအဖြစ် ဆက်လက်လုပ်ကိုင်ခွင့်မပေး​တော့ဘဲ သူ့ရဲ့ရုံးကို​တောင်မှ ဟောင်တာ့ကို ပေးအပ်ခဲ့တယ်။

ဒါ​ပေမယ့်​ ငါ​တို့​တွေ အရမ်းစိုးရိမ်​စရာလိုမယ်​လို့​တော့ ငါ မထင်​ဘူး။ မကြာခင်မှာပဲ ​ဟောင်တာ့က ​ကျောင်းကုန်းဇီရဲ့အမူအယာကြောင့်​ သေ​မှာကို ​ကြောက်​​နေရလိမ့်မယ်။

ဒါပေမယ့် ​ကျောင်းကုန်းဇီက​တော့ အရမ်းစိုးရိမ်နေတယ်။ သူက ငါ့ခရီးဆောင်အိတ်ကို အိမ်ပြန်ကူသယ်ဖို့ သွားတဲ့အချိန်မှာ အစောပိုင်းက ငါ ငှားထားတဲ့နေရာကို သူ သတိပြုမိသွားခဲ့တယ်။ ပြီး​တော့ သူက သူနဲ့ငါ ပိုက်ဆံကုန်သွားတဲ့အချိန်မှာ ဒီလိုနေရာမျိုးကို ပြောင်းရွှေ့​နေရမှာကြောက်တဲ့အတွက် တစ်ပတ်လုံးလုံး အိပ်မက်ဆိုးတွေ မက်​နေခဲ့တယ်။

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now