Ep - 1

3.8K 159 0
                                    

'မလုပ်ပါနဲ့ ... ဝေ့ရင်း ကိုယ့်ကို ထားမသွားပါနဲ့ ....'

'အားးးးးး ...' မက်ပြန်ပြီလား ဒီအိပ်မက် တက္ကသိုလ် စ တက်ကတည်းက မက်လာတာ ဒီတခါ သူ့နာမည် မဟုတ်တဲ့ နာမည်တစ်ခုကို ခေါ်တာ ထပ်တိုးလာတယ်။

'ဘာတွေလဲကွာ... ဘာလို့ ငါ့ကို ဝေ့ရင်းလို့ ခေါ်တာလဲ ပြီးတော့ သူက ဘာလို့ ငိုနေတာလဲ...'

'သား ကျန့်ကျန့် မထသေးဘူးလား ကျောင်းသွားချိန် နီးပြီနော်....'

'ထ ပြီ မား ... သား အဝတ်စားလဲပြီး ဆင်းလာမယ်...'

ရှောင်းကျန့် နာရီကြည့်လိုက်တော့ ၈ နာရီခွဲခါနီးနေပြီမို့ ရေချိုးခန်းထဲ အမြန်ဝင်သွားလိုက်တယ်။ ဒီနေ့ စာမေးတတ်တဲ့ ဆရာရဲ့ အတန်းချိန်က အရင်စမှာမလား....

'မား .... သား မနက်စာ မစားတော့ဘူး ချိုင့်ထဲပဲ ထည့်ပေး....'

'လုပ်ပြန်ပြီလား မနက်စာလေးတော့ စားသွားပါ သားရယ်.... ခန ခန မစားတာ မကောင်းဘူး..'

'သား နောက်ကျနေပြီ မို့လို့ပါ မားရယ် နော် နော်... ချိုင့်ထဲ ထည့်ပေး ပြီးရင် စားလိုက်မယ်။'

'ဟုတ်ပြီ ဟုတ်ပြီ စားဖြစ်အောင်တော့ စားနော်...'

'ဟုတ် မား ချစ်တယ် မွ....'

'ဟွန့် လိုချင်တာ ရရင် အဲ့လိုပဲ .... သားရဲ့ မုန့်ဖိုး ကုန်ပြီလား'

'မကုန်သေးဘူး မား ... မထည့်ပေးသေးနဲ့ လိုရင် သားပြောမယ်...'

'ဟုတ်ပြီ ဟုတ်ပြီ ကားကို ဂရုစိုက်မောင်းသွား...'

'ဟုတ်ကဲ့ပါ သား သွားပြီနော်..'
~~~~~~~
Chen Qing Uni ထဲ ရှောင်းကျန့် ကားမောင်းဝင်လာပြီး ကားထားတဲ့ နေရာ ရောက်တော့ ဟိုကောင်တွေ သူတို့ရဲ့ ကားဘောနက်မှာ ထိုင်ပြီး သူ့ကို စောင့်နေတာ တွေ့လိုက်ရတယ်။

'Heyyy yo!!! ယုန်သွားခေါလေးးး အိပ်မက်ဆိုးတွေ မက်ပြန်ပြီလား...'

ရှောင်းကျန့် သူ့ကို ဦးပြီး ဖဲ့တဲ့ ကျိုးချန်ကို လက်ခလယ်ပဲ လှမ်းပြလိုက်တယ်။

'နင့်မေဂျီးတော် အိပ်မက်ဆိုး လား.... လူကို မမြင်ရပေမယ့် အသံနဲ့တင် သိပ်ကို ချောမယ့်ဘဲကြီးဆိုတာ ငါ သိနေတယ်...'

The Promise  ( Completed )Where stories live. Discover now