Ep - 17

515 43 0
                                    

ယွင်မုန့်ကျန်းတွင် ....

' မင်းတို့ ကျန်းဂိုဏ်းချုပ် ဘယ်မှာလဲ .... ပြောစမ်း မဟုတ်ရင် အကုန်သတ် ပစ်မယ်။'

' သတ်ချင်လည်း သတ်ပစ်လိုက် ။ ဒါပေမယ့် မင်းတို့လို ကလိမ်ကကျစ်နည်းနဲ့ ခွေးကျင့် ခွေးကြံ ကြံတတ်တဲ့ ဝမ်းဂိုဏ်း လက်အောက်မှာ သေရမှာတော့ ကျင့်ကြံသူ အနေနဲ့ နာမည်ပျက်တာပေါ့။'

'ဘုန်းးး .....'

ကျန်းချန် ဗိုက်ကို အကန်ခံလိုက်ရတာကြောင့် ကိုယ်က ညွတ်ကျသွားရတယ်။

'ဟက် .... အုပ်စု ဖွဲ့ အနိုင်ကျင့်မနေနဲ့ ခွေးကောင်တွေ သတ္တိရှိရင် ငါ့ကို လွှတ်လိုက်....'

'ဟက် .... သေခါနီးလူက အဲ့လိုပဲ ကယောင်ကတမ်း လျှောက်ပြောတတ်တယ်။သူ့ကို ကြိုးနဲ့ ချည်ထားလိုက်စမ်း ... ပြီးတော့ ဟို ကူးစူးကကောင်ကိုပါ ကြိုးနဲ့ ချည်ထား။

သူတို့ နှစ်ယောက်ကို ဘာမှမကျွေးနဲ့ ပြီးရင် ဝေ့ရင်းနဲ့ ကူးစူးလန်ကကောင် ဘယ်မှာလဲ မပြောမချင်း ကြိုက်တဲ့နည်း သုံးပြီး စစ်မေးလိုက်။'
~~~~~~~~~
' ကျန်း သခင်လေး ကျနော် အသုံးမကျတာပါ ပြီးတော့ ကျန်းသခင်လေး အမေနဲ့ ဒေါ်လေးကို မကာကွယ်နိုင်ခဲ့ဘူး။'

' မင်း အပြစ် မဟုတ်ပါဘူး။ သူတို့သာ ယုတ်မာတဲ့ နည်းသုံးပြီး ငါတို့ အလစ်မှာ ဝင်လာတာ။ ပြီးတော့ ဝေ့ရင်း တို့ နေရာ မသိရ မခြင်း မား နဲ့ ဒေါ်လေးလည်း ဘာမှဖြစ်မှာ မဟုတ်ပါဘူး။ အခုတော့ ပါး နဲ့ ကျန်းဦးလေး ပြန်လာပါစေလို့ပဲ ဆုတောင်းရမှာပဲ။ ပြီးတော့ မင်းမှာ အန္တာရာယ် ဖြစ်ရင် အချက်ပြတဲ့ ဟာ မရှိဘူးလား။'

'ရှိတယ်......'

'ဟ ..... ရှိရင် အချက်ပြ မီး လွှတ်လိုက်တော့လေ။'

' သူတို့ သိမ်းသွားပြီ....'

'ချီးးး....အဲ့ဒါကို ဖြတ် ဖြတ်ပြောနေရလား....'

ကျန်းချန် သူတို့ဆီ ဝမ်းဂိုဏ်း လာမယ်မှန်း သိပေမယ့် ခုလို ခိုးကြောင် ခိုးဝှက်နဲ့ လာမယ်မှန်းတော့ မထင်ထားပါ။ အေးပေါ့ ခွေးတွေဆိုတော့လည်း ခွေးကျင့် ခွေးကြံပဲ ကြံမိရာ ကြံမှာပေါ့။

အခုတော့ မား နဲ့ ဒေါ်လေးကို အရင်ဖမ်းထားတော့ သူတို့နှစ်ယောက်လည်း လက်နက်ချရုံအပြင် မတတ်နိုင်ခဲ့ပါ။ အဲ့ဒါကို ဟိုဖုတ်လိုကောင်က အချက်ပြမီး ရှိရက်နဲ့ မပစ်ပဲ အသိမ်းခံ လိုက်တယ်တဲ့။
~~~~~~~~~~~

The Promise  ( Completed )Where stories live. Discover now