Ep - 20

565 52 2
                                    

လန်ကျန့် သတိမေ့သွားတဲ့ ဝေ့ရင်း နားမှာ သူလည်း ထိုင်ရာက မထ ပါ။

'အင်း ....'

'ဝေ့ရင်း သတိရပြီလား....'

' လန်ကျန့် ငါ ဘာဖြစ်သွားတာလဲ....'

' မင်း အရမ်းငိုပြီး သတိမေ့သွားတာ ....'

ဝေ့ရင်း လန်ကျန့်ရဲ့စကားကြောင့် မနက်က အဖြစ်ပျက်တွေ မျက်လုံးထဲ ပြန်မြင်ယောင်လာတယ်။

လန်ကျန့် သတိရလာပြီး ပြန်ငြိမ်သွားတဲ့ ဝေ့ရင်းကြောင့် ကြည့်လိုက်တော့ အသံတိတ် မျက်ရည်ကျနေတာကို တွေ့ရတယ်။

'ဝေ့ရင်း ... စိတ်ထိန်းလေ ... ငိုနေရင် ဝေ့ရင်းပဲ ပင်ပန်းမယ်။'

ဝေ့ရင်း လန်ကျန့်ကို မင်း မိသားစုမှ မဟုတ်တာလို့လည်း အော် မပြောချင်တော့ပါ။ လန်ကျန့် သူ့ကို စိတ်ပူလို့ ပြောတယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် ခုလို တစ်ပြိုင်တည်း ချစ်ရတဲ့ လူကို ဆုံးရှုံးရတဲ့ ခံစားချက်ကိုလည်း သူ ပြောမပြတတ်ပါ။ အသက်ပေးသွားရတဲ့ လူ အတွက် သူက ငိုပေးရုံပဲ တတ်နိုင်လို့ ငိုပါရစေ။

လန်ကျန့် ဝေ့ရင်းကို နှစ်သိမ့်ပေးနေတုန်း ဆူဆူ ညံညံ အသံကြောင့် အပြင်ကို သွားကြည့်လိုက်တယ်။

' ဝမ်းဂိုဏ်း ......'

ဝေ့ရင်း ဝမ်းဂိုဏ်း ဆိုတဲ့ အသံကြားတာနဲ့ အရိုးထဲ စိမ့်နေအောင် မုန်းတီးခြင်းကို ခံစားသွားရတယ်။

' ဘယ်သူများလဲလို့ သူတော်စင် ကျင့်ကြံသူကြီး လန်ဒုသခင်လေးပါလား.... ဝေ့ရင်းကို စောင့်ရှောက်ပေးလို့ ကျေးဇူးတင်ပါတယ်။ ခုတော့ ဝေ့ရင်းကို ငါပဲ ခေါ်သွားတော့မှာမို့ လန်ဒုသခင်လေးက အသက်ရှင်ချင်သေးရင် ကူးစူးလန်ကို ပြန်လိုက်ပါ။'

' ထွီ .... ငါ့ မိဘတွေ သတ်ပြီးမှ ငါ့ကို လိုချင်တယ် တဲ့လား.... မင်းမှာ တကယ် လူစိတ် မရှိတာပဲ။ ဘာအပြစ်မှ မရှိတဲ့ ငါ့မိသားစုကို သွေးအေးအေးနဲ့ သတ်ပစ်ခဲ့တယ်။ အခုလည်း $ရှက်မရှိ ငါ့ကို ခေါ်သွားချင်ပြန်ပြီ....'

လန်ကျန့် သူ ဝမ်ရန်ကျင့် ကို မတုန့်ပြန်ရသေးခင် ဝေ့ရင်းက ရှေ့ထွက်လာပြီး ဝင်ပြောတာကြောင့် ဝေ့ရင်းကို သူ့ အနား ပြန်ဆွဲထားလိုက်တယ်။

The Promise  ( Completed )Where stories live. Discover now