Ep - 23

593 55 2
                                    

' ဒါဆို ဝမ်ဝမ် ပြောပုံအရဆို အဲ့ကောင်လေးက ဝေ့ရင်း ဆိုတာ သေချာပြီပေါ့။'

' ဟုတ်တယ် ကော ... ရန်ကျင့် အသွင်ယူထားတဲ့ ခန္တာကိုယ်က သားတို့ ကျောင်းမှာ တွေ့လိုက်ရတယ်လို့ ပြောတယ်။'

' အင်း သူလည်း ခုမှ ဝေ့ရင်း ဘယ်မှာဆိုတာ သိတာ ဖြစ်မယ် မဟုတ်ရင် သူ တစ်ခုခု လုပ်ပြီးနေလောက်ပြီ....'

' ဒါပေမယ့် ကျနော့်အတွက်ကတော့ အဲ့ကလေးကို ဝေ့ရင်းလို့ မခံစားရဘူး။'

' သူက အခု ရှောင်းကျန့်လေ .... ဝေ့ရင်း ဝင်စားတာ နဲ့ပဲ ဝေ့ရင်းအတိုင်း ဖြစ်နေရမယ်လို့မှ မဟုတ်ပဲ...'

' မသိဘူး ... ကျနော်က ဝေ့ရင်း ဆို ဝေ့ရင်း အတိုင်းပဲ လိုချင်တယ်။'

' ဟင်းးးး ကောလည်း မပြောတတ်တော့ဘူး....'

ရှီးချန် မနေ့ည လန်ဟွားကို အိပ်မက် မက်နေတာကြောင့် အိပ်မပျော်ပါ။ လေယာဉ်ပေါ်မှာကျ မအိပ်တတ်တာကြောင့် တရုတ်ကိုပဲ အမြန်ဆုံး ပြန်ရောက်ချင်နေတာ။

သူရောက်တော့ ရိပေါ်နဲ့ ဝမ်ဝမ် လေဆိပ်ကနေ ကြိုလာပါတယ်။ တစ်ခါတည်း အိမ်မပြန်သေးပဲ ဝမ်ဝမ် ကို ကျောင်းလိုက်ပို့ရသေးတာကြောင့် လူက တော်တော်နှုန်းနေပြီ။

အိမ်ရောက်တော့လည်း ချက်ချင်း မနားရပဲ ရိပေါ်က ဝေ့ရင်း အကြောင်း ထပ်ပြောသေးတယ်။ တကယ် နားလည်း မခံနိုင် လူလည်း မခံနိုင်တော့ပါ။

' ရိပေါ် ပြောစရာ ရှိသေးရင် နောက်မှ ပြောတော့ ကော သွားနားတော့မယ်။'

ရိပေါ်လည်း ခေါင်းပဲငြိမ့်ပြလိုက်တယ်။ သူ့အတွေးထဲတွင်တော့ အဲ့ကလေး တကယ်ပဲ ဝေ့ရင်း ဖြစ်ပြီး ရန်ကျင့်နဲ့ သာ ...ဆိုရင် !!!!!

မရဘူး... မင်းက ရှောင်းကျန့် ဖြစ်ဖြစ် ဘယ်သူဖြစ်ဖြစ် ဝိဥာဉ်က ဝေ့ရင်းလို့ ပြနေသရွေ့တော့ မင်း ငါ့အနားမှာပဲ နေရမယ်။

ရိပေါ် ဘာမှစဉ်းစားမနေတော့ပဲ ကားသော့ ယူရင်း ထွက်လာလိုက်တော့တယ်။
~~~~~~~~~~~

' ကျန့်ကျန့် ... ဒက်ဒီ့ကို စိတ်ဆိုးတာ ဆိုးလေ ငါနဲ့မှ မဆိုင်တာ.... နော် ။ ငါ့ကို စိတ်မဆိုးနဲ့နော် ...'

The Promise  ( Completed )Where stories live. Discover now