Ep - 26

583 54 0
                                    

' ဒုန်းးးး ဒုန်းးးး ဒုန်းးးးး ဝမ်ဝမ်ကျန့် .... တံခါးဖွင့်စမ်း....'

' ဟျောင့် ကျိုးချန် လက်နဲ့ ထု မနေနဲ့ ခြေထောက်နဲ့ ကန် .....'

' ဒုန်းးးးး ဒုန်းးးးး ..... ဝမ်ဝမ်ကျန့် မင်း အိမ်ထဲမှာ ရှိတာ ငါတို့ သိတယ် တံခါးဖွင့်စမ်း.....'

' ရိပေါ် ခြံရှေ့မှာ ဘယ်သူတွေလဲ ဝမ်ဝမ် သူငယ်ချင်းတွေလား ....'

ရိပေါ် ကော ရဲ့ စကားကြောင့် ခြံရှေ့က CCTV မှာ ဟိုကောင်လေးရဲ့ သူငယ်ချင်းနှစ်ယောက် သူ့ခြံတံခါးကို ကန်ကျောက်နေတာ တွေ့လိုက်ရတယ်။ ဘာလာလုပ်ကြပြန်တာလဲ ...

' ရိပေါ် တံခါး မဖွင့်ပေးဘူးလား။ သူတို့မှာ အရေးကြီး ကိစ္စ ရှိရင် ရှိနေမှာ။'

' ဖွင့်ပေးလိုက် ဦးငယ် အဲ့ဒါ ကျန့်ကျန့် သူငယ်ချင်း .... သူတို့ အိမ်ထိ ရောက်လာတာဆိုတော့ ကျန့်ကျန့် အိမ်ပြန်မရောက်တာပဲ ဖြစ်ရမယ်။'

ဝမ်ကျန့် ခြံရှေ့မှာ အသံကြားတာကြောင့် သွားကြည့်မလို့ အပေါ်ကနေ ဆင်း လာတော့ ဒက်ဒီနဲ့ ဦးငယ် ပြောနေတာကို ကြားလိုက်ရတယ်။

အဲ့ဒါကြောင့် ဦးငယ်ကို တံခါး ဖွင့်ခိုင်းလိုက်ပြီး သူကတော့ ခြံရှေ့ကို ပြေးသွားလိုက်တယ်။

ကျိုးချန်နဲ့ ယွီပင်း တံခါးကြီး ပွင့်သွားတာနဲ့ ချက်ချင်း အိမ်ထဲ ပြေးဝင်သွားကြတယ်။

ဝမ်ကျန့် သူလည်း ခြံတံခါးနား ရောက်ခါနီး တံခါးပွင့်သွားပြီး ကျန့်ကျန့်ရဲ့ သူငယ်ချင်း ပြေးဝင်လာတာ တွေ့လိုက်ရတယ်။

ကျိုးချန် ဝမ်ကျန့်ကို တွေ့တာနဲ့ င်္အကျီရင်ဘတ်ကို ဆွဲဆုပ်ပစ်လိုက်တယ်။

' မင်း အဖေ ကျန့်ကျန့် ကို ဘယ်ခေါ်သွားတာလဲ .... ကျန့်ကျန့် ဘယ်မှာလဲ ....'

' ဘယ်လို ... ကျန့်ကျန့် မနေ့ကတည်းက အိမ်ပြန်သွားပြီလေ။ သူ အိမ်ပြန်မရောက်ဘူးလား ....'

' အေး .... မနေ့ည သူ့အမေ ငါ့ကို ဖုန်းဆက်မေးလာတယ်။ သူ အိမ်မပြန်လို့ ငါ့ဆီမှာလား တဲ့ ..... မင်း အဖေ ကို ခေါ်ပေး သူ့ကို မေးရမယ်.....'

ထိုစဉ် ....

' မင်းတို့ ငါ့ကို မေးလည်း ဘာမှ သိရမှာ မဟုတ်ဘူး။ မနေ့က သူ ငါ့အိမ်က ထွက်သွားတာ CCTV သက်သေ ရှိတယ်။'

The Promise  ( Completed )Место, где живут истории. Откройте их для себя