Ep - 29

576 57 2
                                    

' ဟျောင့် .... ကျိုးချန် နင့် နောက်မှာ ... နင့် နောက်မှာ။'

' ငါ့နောက်မှာ ငါ့နောက်မှာနဲ့ .... တစ်ကောင်မှလည်း မရဘူး။

ငါးတွေ မဖမ်းတော့ပဲ ရေပဲ ဆော့ပြီး ပြန်ရအောင် ချမ်း လာပြီ။'

'အေး ဟုတ်တယ်။ ချောင်းရေက စိမ့်နေတာပဲ။'

ယွီပင်းလည်း ရေထဲမှာ တစ်ကိုယ်လုံး စိုရွှဲ နေပြီး လက်နှစ်ဖက် ပိုက်လျက် ကျိုးချန် စကားကို ထောက်ခံလိုက်တယ်။

' ဝမ်ကျန့် မင်းက ဘာလဲ ရေထဲမှာ တရား လာမှတ်နေတာလား။

ခုန ငါးတွေဆိုလည်း မင်း ဖမ်းရင် ရရဲ့သားနဲ့ မဖမ်းဘူး။ အခုလည်း ရေထဲ မှာ ဒီတိုင်းရပ်နေတယ်။'

' ငါ ... ငါ သူများ အသက် မသတ်ဘူး။'

' ဘာ ......'

၃ ယောက်လုံး ဝမ်ကျန့် စကားကြောင့် အံ့ဩသံတွေ ထွက်လာတယ်။

' ဟုတ်တယ်။ ငါ ငယ်ငယ် ကတည်းက သင်လာရတာ။ ငါ အရင်နေခဲ့တဲ့ နေရာက စည်းကမ်းထဲမှာ ပါတယ်။'

' အဲ့ဒါဆို မင်းရဲ့ အဖေလည်း သူ ငယ်ငယ်က သင်ရမှာပေါ့။'

'အင်း ....'

ဝမ်ကျန့် နောက်ဆက်တွဲ လာမယ့် ကျိုးချန်ရဲ့ စကားကို မသိသေးပဲ သဘောရိုးနဲ့ ပြန်ဖြေပေးလိုက်တယ်။

' အံ့ဩပါ့။ အဲ့ဒါကို အခု မင်း အဖေက သူများ သားသမီးကို တာဝန်မဲ့ လုပ်ရပ်တွေ လုပ်နေတယ်။'

ဝမ်ကျန့် ကျိုးချန် စကားကို ဘာမှ ပြန်မချေပလိုက်နိုင်။ ဒက်ဒီကလည်း တကယ် အဲ့လို ကျူးလွန်ခဲ့တာမလား။

' ကဲပါ ... လာ လာ ရေ ဆော့နေတာလည်း ကြာပြီ။ ပြန်ရအောင် မမ ပြန်လာပြီလား မသိဘူး။'

' အေး ပြန်ကြမယ်။ အရမ်းချမ်းနေပြီ။'

ကုန်းပေါ် ရောက်တာနဲ့ ယွီပင်းက ရှေ့ဆုံးကနေ အရင်ပြေးတယ်။

' ဟေ့ ... ယွီပင်း ... ဘာလို့ ရပ်လိုက်တာလဲ ဆက်ပြေးလေ ....'

ကျိုးချန် ရှေ့ဆုံးကနေ ပြေးသွားတဲ့ ယွီပင်းက ခပ်လှမ်းလှမ်းမှာ ဆက်မပြေးပဲ ရပ်နေတာကြောင့် စ သလိုနဲ့ လှမ်းမေးလိုက်တယ်။

The Promise  ( Completed )Where stories live. Discover now