Ep - 34

568 48 2
                                    

' Boss ကျနော်တို့ပါ လိုက်ခဲ့လို့ မရဘူးလား။'

' ဟုတ်ပါတယ်။ Boss ကျနော်တို့လည်း လိုက်ခဲ့မယ်။ အခု Boss နောက် မလိုက်ရရင် ကျနော်တို့ တစ်ခြား ဘာအလုပ်မှ မလုပ်တတ်တော့ဘူးဗျ။'

ရန်ကျင့် လူမိုက်ရုပ်တွေနဲ့ ငိုချမတတ် သူ့ရှေ့က ကောင်တွေ ကြည့်ပြီး စိတ်လေသွားတယ်။ သူက ကမ္ဘာ အနှံ့ကို ခြေဆန့်ဖို့ စဉ်းစားထားတာ။ အမြီး တသီ တသန်းကြီးနဲ့က ဘာလုပ်ရမှာလဲ။

' အလုပ်မတတ်ဘူးဆိုရအောင်လည်း မင်းတို့ကို ပိုက်ဆံတွေ ပေးထားပြီးပြီလေ။ စီးပွါးရေးလေး လုပ်ကြပေါ့။ ငါ့နောက် လိုက်ပြီး ဘာလုပ်မှာလဲ။ ငါက အခု တစ်ယောက်တည်းပဲ နေချင်သေးတယ်။

တကယ်လို့ ကမ္ဘာပတ်ပြီးမှ တရုတ်ကို ပြန်ရောက်လာရင် ပြန်တွေ့ကြတာပေါ့။ လူမိုက်ရုပ်တွေနဲ့ ငို မနေကြနဲ့ နဂ်ို ရုပ်က ကြည့်မကောင်းပါဘူးဆို ထပ်ငိုရင် ဘီလူး သံပုရာသီး ငုံထားတဲ့ ရုပ်ထက် ဆိုးသွားမယ်။

' အီးးးး ဟီးးး ဟီးးးး...'

ရန်ကျင့် သူ ပြောမှ ပိုငိုလာတဲ့ ကောင်တွေကြောင့် အမြန်သွားဖို့ပဲ လုပ်လိုက်တော့တယ်။

' ကဲ ... ငါ့ကို လိုက်မပို့ကြနဲ့တော့ လေယာဉ်ကွင်းမှာ ငါ အရှက်မကွဲချင်ဘူး။'

' အင့် ... ဟင့် ... ဟုတ်။'

ရန်ကျင့် သူ့ကား ထွက်တာနဲ့ နောက်ကနေ လက်တစ်ဖက်က မျက်ရည်တွေ သုတ်ပြီး နောက်လက်တစ်ဖက်က ဝေ့ရမ်းပြနေတဲ့ သူ့ တပည့်တွေကြည့်ပြီး ခေါင်းရမ်းလိုက်တယ်။

' ငါတို့ ပြန်ဆုံကြအုံးမှာပါ.... မင်းတို့သာ အသက်ကြီး မသွားကြသေးနဲ့အုံး......'
~~~~~~~~~~~~
လန်ဟွား မီးဖိုချောင်ထဲမှာ ယွင်ရှင်းရဲ့ နေရာ လုပြီး သူ ကိုယ်တိုင် ထမင်း ဟင်း ဝင်ချက်နေတဲ့ ရှီးချန်ကို ကြည့်ပြီး ခေါင်းရမ်းပြီး ပြုံးလိုက်တယ်။

သူ့ဆီ လာတိုင်း ကိုယ်တိုင် ထမင်း ဟင်း ဝင်ချက်ပြီး သူ့ကို ချက်ကျွေးတဲ့ ရှီးချန် ကြောင့် လန်ဟွား နဲ့ ယွင်ရှင်းကတော့ ငြိမ်းချမ်းရေး ရနေတယ်။

ဖုန်းလိုင်းလည်း မရှိတာကြောင့် ထမင်း စားပြီးတာနဲ့ ရွာထဲ လမ်းသွားလျှောက်ကြတယ်။ ယွင်ရှင်းကတော့ သူတို့နဲ့ တစ်ခါ တစ်လေမှ လိုက်တယ်။ ဒါကလည်း TV ကလာတဲ့ သူ့ ကြည့်တဲ့ ကိုးရီးယားကား မလာတဲ့နေ့မှ။

The Promise  ( Completed )Opowieści tętniące życiem. Odkryj je teraz