Ep - 12

576 60 0
                                    

ဝမ်နင် စားသောက်ပွဲကနေ ပြန်လာကြတော့ ကျန်း သခင်လေးက ပြောစရာ ရှိတယ်ဆိုပြီး ဆွဲခေါ်လာတာကြောင့် ပါလာရတယ်။ ပြောစရာ ရှိတယ်ဆိုပြီး ခေါ်လာတဲ့ နေရာကို ကြည့်လိုက်တော့ သူတို့ တပတ်လောက် ရေလောင်း ပေါင်းသင်ရတဲ့ စိုက်ခင်း နေရာ ဖြစ်နေတယ်။ ဘာလဲ ကျန်းသခင်လေးက သူတို့ ပင်ပင်ပန်းပန်း စိုက်ထားရတော့ မပြန်ခင် ပြန်ပြီး ဖျက်ဆီးသွားမလို့များလား။

ကျန်းချန် ဒီည မကုန်ခင် ဝမ်နင်ကို ဖွင့်ပြောဖို့ ဆုံးဖြတ်လိုက်တာကြောင့် ဝေ့ရင်းလည်း သူ့လူနဲ့ ပြောစရာ ရှိတာ ပြောရအောင်ဆိုပြီး ဝမ်နင်ကို ဆွဲခေါ်လာခဲ့လိုက်တယ်။ ကျန်းချန် ခုထိ သူ လက်ကိုင်ထားတာကို ရုန်းလည်း မရုန်း၊ ဘာမှလည်း မမေးလာတဲ့ ဝမ်နင်ကြောင့် သူ ဖွင့်ပြောဖို့ စကားလုံး စီထားတာတွေတောင် မေ့ချင်ချင် ဖြစ်သွားရတယ်။ မေးပါအုံးလား ယောကျာ်းလေးချင်း လက်ကိုင်တာ ဘာကြောင့်လဲ ဆိုတာကို......

ဝမ်နင် ခုထိ သူ့လက်ကိုလည်း မလွှတ်၊ ဘာမှလည်း မပြောလာသေးတဲ့ ကျန်းသခင်လေးကြောင့် အပင်တွေ ဖျက်ဆီးဖို့ နည်းလမ်းများ ရှာနေတာလား ဆိုပြီး တွေးမိသွားတယ်။

'ဟို ... ကျန်းသခင်လေး အခု အပင်တွေ ဘယ်လိုဖျက်ဆီး ပစ်ရမလဲဆိုပြီး စဉ်းစားနေတာလား'

'ဟမ်....' ကျန်းချန် ဝမ်နင်ရဲ့ စကားကြောင့် သူ့နဖူးသူ ရိုက်ပစ်လိုက်တယ်။ ဝမ်နင်ပြောမှ သူတို့ ရောက်နေတဲ့ နေရာကို ကြည့်လိုက်တော့ စိုက်ခင်းကြီး ဖြစ်နေတယ်။ဟားးးး နဂိုကတည်းက အရိပ်ပြလည်း အကောင်မမြင်တဲ့လူကို အခု ငါ စိုက်ခင်းမှာ ခေါ်ပြီး ရည်းစားစကားပြောဖို့ လုပ်နေမိတာလား။

'ကျနော့်ကို ဒီခေါ်လာတာ မပြန်ခင် စိုက်ခင်းကို ဖျက်ဆီးပြီးမှ ပြန်သွားမလို့ မဟုတ်ဘူးလား'

အမ်....အား သေလိုက်ပါတော့။ ငါက အားအားယားယား ဖျက်ဆီးစရာလား။ မဖြစ်တော့ဘူး ကွေ့ဝိုက်မနေတော့ပဲ တည့်ပဲ ပြောမှ ရတော့မယ်။

'သဘောကျတယ်.....'

'အမ်.... ဪ... ကျန်းသခင်လေးကလည်း ကျနော်တို့ စိုက်ထားတဲ့ဟာကို ကိုယ့်ဘာသာ ပြန်သဘောကျနေတာလား။ အဲ့ဒါကြောင့် မပြန်ခင် လာကြည့်တာလား'

The Promise  ( Completed )Onde histórias criam vida. Descubra agora