Ep - 33

561 49 1
                                    

' သားက .... ကျန့်ကျန့် တက်နေတဲ့ ကျောင်းကပဲလား။'

' ဟုတ်ကဲ့။ သူ့ထက်တော့ စီနီယာ ကျပါတယ်။ ဟို အန်တီ စိတ်တော့ မဆိုးနဲ့နော်။ ဒီမှာ ကျန့်ကျန့်ကို သဘောကျနေတဲ့ ကောင်မလေးက ပေးခိုင်းလိုက်တာ။'

ရှောင်မား သူ့လက်ထဲ ရောက်လာတဲ့ ပန်းစည်းကို ကြည့်ပြီး သဘောကျသွားတယ်။ ပန်းမှာ အပြင်ဘက် အဝါရောင် ပွင့်ဖတ်တွေက ပြန့်နေပြီး အလယ်က နောက်ထပ် ပန်းပွင့်ရဲ့ ဝတ်ဆံကို ကာကွယ်ပေးထားတဲ့ ပွင့်ဖတ်လေးကကျ ရှည်ရှည်လေးနဲ့ ခေါင်းလောင်းလို ပုံစံလေး ဖြစ်နေပြန်တယ်။ သူ့အရောင်ကကျ အပြင်ဘက်မှာ အဝါရောင်ဖြစ်ပြီး အတွင်းဘက်ကျ လိမ္မော်ရောင် ဖြစ်သွားတယ်။

' လှလိုက်တာကွယ်... ဒါမျိုး ပန်း မမြင်ဖူးဘူး။'

' ဟုတ်တယ် အန်တီ ဒီပန်းက တရုတ်မှာ မရနိုင်ဘူး။ သူ့နာမည်က daffodils တဲ့ နိုင်ငံခြား မျိုး။'

' အဲ့ဒါကြောင့် အရမ်းလှနေတာပေါ့။ ဒါနဲ့ ကျန့်ကျန့်ကို ဒီပန်းပေးတဲ့ ကောင်မလေးက ချောလား။'

' အဲ ......'

ရိပေါ် နင် သွားရတယ်။ ရိပေါ် ကောင်လေး နားကို ဘယ်လိုချည်းကပ်ရမလဲ ကြံရာ မရသည့်အဆုံး ကောင်လေးရဲ့ အမေဆီကနေ ကပ်ဖို့ပဲ ဆုံးဖြတ်လိုက်တယ်။

ကံဇာတာ သိပ်တက်နေရင် အမေရော သားရော နှစ်ယောက်လုံးနဲ့ ပြန် အဆင်ပြေသွားနိုင်တယ်မလား။

' မား ....'

ရှောင်းကျန့် အပေါ်ထပ်ကနေ ဆင်းလာတော့ စကားပြောနေသံ ကြားတာကြောင့် ဒီလိုချိန် သူတို့အိမ် ဘယ်က ဧည့်သည် လာတာလဲဆိုတာ တွေးဆဆ ဖြစ်သွားရတယ်။

ရှောင်းကျန့် ထမင်းစားခန်း မသွားသေးပဲ ဧည့်ခန်းဘက်ကို အရင်သွားလိုက်တော့ မား နဲ့ စကား ထိုင်ပြောနေတဲ့ ဟိုလူကို တွေ့လိုက်ရတယ်။

' ဟင် !!!! ... ခင်ဗျား...'

' သား ... ကျန့်ကျန့် ဆင်းလာပြီလား။ လာ .... ဒီမှာ သားတို့ ကျောင်းက စီနီယာ အကိုကြီး ရောက်နေတယ်။'

ရှောင်းကျန့် မား ရှေ့မှာ မျက်နှာပျက် မသွားအောင် ထိန်းလိုက်တယ်။ ဒီလူ ဘယ်လိုတောင် မျက်နှာပြောင်တိုက်ပြီး သူ့အိမ်ထိ ရောက်လာရဲတာလဲ။

The Promise  ( Completed )Where stories live. Discover now