Ep - 14

544 54 0
                                    

ရီလင်းမြို့ စျေးထဲတွင် ......

'မမလေး ထမင်း အရင် စားရအောင်.....'

'ဟွန့် စားဖို့ လာတာ မဟုတ်ဘူး၊ လုပ်စရာ ရှိတယ် ငါ့နောက် လိုက်ခဲ့'

'အာ့ဆို မုန့်.....'

'ပြီးမှ ဝယ်ကျွေးမယ် လာ......'

ယွင်ရှင်း နောက်က ကျန်ခဲ့တဲ့ ထမင်းဆိုင်လေးကို နှမြောသတ ကြည့်လိုက်တယ်။

'ဟင်.... ဒါ ဒါ.... မမလေး ဒီဆိုင်ကို ဘာလာလုပ်တာလဲ။'

'ရှူး တိုးတိုး ပါပါး ပြန်မသိစေနဲ့နော်။ လာ အထဲ ဝင်ရအောင်'

လန်ဟွားတို့ အထဲ ရောက်တော့ ဆိုင်ပိုင်ရှင် ဗိုက်ပူက သူတို့နား ချက်ချင်းရောက်လာတယ်။

ယွင်ရှင်း မမလေးနဲ့ ရယ်မောပြီး ပြောနေတဲ့ ဆိုင်ပိုင်ရှင်ကြောင့် မမလေး ဒီဆိုင် ဘယ်လောက်တောင် ချောင်းပေါက်မတတ် လာတယ်ဆိုတာ သိသာနေပါတယ်။

'ဟေ့ ကောင်မလေး မလာတာ ကြာပြီနော် အသစ်တွေ အများကြီး ရောက်တယ်။'

'ဝါးးး ဟုတ်လား။ အာ့ကြောင့် ဒီနေ့ အာရုံရနေလို့ အတင်းထွက်လာခဲ့တာ။ လိုက်ပြလေ ဘယ်မလဲ....'

မမလေး ပြောတာကို ခေါ်မသွားပဲ သူ့ကို အထက် အောက် လာကြည့်နေတဲ့ ဗိုက်ပူကြောင့် ယွင်ရှင်းတောင် မလုံမလဲ နဲ့ သူ့ကိုယ်သူ ပြန်ငုံ့ကြည့်လိုက်တယ်။

လန်ဟွား ခါတိုင်း သူ တစ်ယောက်တည်း လာနေကျဆိုတော့ ဆိုင်ရှင်က ယွင်ရှင်းကို မမြင်ဖူးတော့ မလိုက်စေချင်တဲ့ ပုံ။

'သူက ကျမရဲ့ ညီမလေးပါ ကိစ္စ မရှိဘူး....'

'ဪ.... ဟုတ်ကဲ့ပါ အဲ့ဒါဆို အထဲကို ကြွပါ....'

ယွင်ရှင်း မမလေးတို့ နောက် လိုက်သွားရင်း နိုင်ငံခြားဖြစ်တွေရော တစ်ခြားနိုင်ငံရဲ့ ပြည်တွင်းဖြစ် တွေရော မှောင်ခိုထားတဲ့ ပစ္စည်း မျိုးစုံကို တွေ့လိုက်ရတယ်။

မမလေး ဒီဆိုင်ကို လာနေကျဆိုတော့ ဘာ ဆေး လာဝယ်တာပါလိမ့်။ ဟိုတစ်ခါ ဂိုဏ်းက ကလေး လိုချင်နေတဲ့ လင်မယားကို သူ ဖော်လိုက်တဲ့ ဆေးကို သောက်ခိုင်းပြီး အခန်းထဲက ၃ ၄ ရက်လောက် မထွက်ခိုင်းပဲ နေခိုင်းတယ်။ တပတ်မကြာဘူး ဟိုလင်မယားဆီက သူ့မိန်းမ ကိုယ်ဝန်ရှိနေပြီလို့ ကြားလိုက်ရတယ်။
အဲ့ဒါကြောင့် သူတို့ကို နတ်ဆေးသမားတော်လို့ ခေါ်နေတာပဲ ဖြစ်ရမယ်။

The Promise  ( Completed )Where stories live. Discover now