Ep - 15

593 50 0
                                    

ကျန်းချန်နဲ့ ဝမ်နင် သူတို့နှစ်ယောက်ပဲ ဆိုတော့ ခေါင်းဆောင်မပါသေးတဲ့ ဝမ်းဂိုဏ်းသားတွေကို အလွယ်တကူ မျက်ခြေဖြတ်လို့ ရခဲ့တယ်။

'ဝမ်နင် မင်း ယွင်မုန့်ကျန်းပဲ လိုက်ခဲ့မလား။ လန်ကျန့်လည်း အဲ့မှာ ရောက်ရင် ရောက်နေမှာ။ သူ ဝေ့ရင်းကိုတော့ တစ်ယောက်တည်း ပေးမပြန်ခိုင်းလောက်ဘူး။'

'ဟုတ် ကျနော်လည်း အဲ့လိုပဲ ထင်တယ်။ ဒါဆို ကျန်းသခင်လေးကို အနှောင့်ယှက်ပေးမိပြီ။'

ကျန်းချန် သူတို့ သိလာတာလည်း ကြာနေပြီ ဝမ်နင်က ခုထိ အဲ့လို တရိုတသေ ၊ အားနာတာတွေ လုပ်နေတတ်တုန်း။ အဲ့ဒါကြောင့်လည်း သူ့ရင်ခုန်သံတွေ ကျပျောက်သွားခဲ့ရတာ။

ကျန်းချန်နဲ့ ဝမ်နင် ရီလင်းမြို့က ထွက်ပြီး ယွင်မုန့်ကျန်း မရောက်ခင် လှေနဲ့ ဖြတ်မှ ရတဲ့ မြစ်ကို အရင်ရောက်တယ်။

'လာ ငါတို့ လှေနဲ့ သွားမှ ရမယ်။ ဒီကနေ ယွင်မုန့်ကျန်းထိ လှေနဲ့ပဲ သွားရတော့မှာ။'

'ဟုတ် ပျော်စရာကြီး ကျနော် တစ်ခါမှ လှေမစီးဖူးသေးဘူး။'

'ဟုတ်လား... မင်းတို့ မကောင်းဆိုးဝါးတွေ သွားနှင်တာမျိုးတွေမှာ လှေနဲ့ သွားရတာမျိုး မရှိဘူးလား။'

'ဟီးးးး ကျနော် တစ်ခါမှ မလိုက်ဖူးဘူး။ ဒီတစ်ခေါက်တောင် ဝမ်းဂိုဏ်းကို သွားရတာမလို့ လန်ဒုသခင်လေးနဲ့ ထည့်ပေးလိုက်လို့ ကူးစူးလန်က ထွက်လာရတာ။'

'ဒါဆို မင်း ကူးစူးမှာနေပြီး ဘာတွေ လုပ်နေတာလဲ...'

'မနက် ၅ နာရီ ဆို ထ ရပြီ။ ပြီးရင် စည်းကမ်းချက်တွေ ရွတ်ရတယ်၊ ပြီး သစ်ရွက်ကြွေတွေကို လှည်းကျင်းတယ်၊ ပြီးတော့ လန်ဂိုဏ်းချုပ် သင်ပေးတဲ့ စာတွေ ထပ်သင်ရတယ်။ ပြီးတော့ မပြီးသေးတဲ့ စည်းကမ်းချက်တွေ နံရံမှာ ဆက်ထွင်းတယ်။'

'ဟင်.... မင်းတို့ စည်းကမ်းက အရင်က မရှိလို့လား အခုမှ ထွင်းနေရအောင်။ ငါ ကြားဖူးတာတော့ ကူးစူးလန် စည်းကမ်းချက်က ၃၀၀၀ ကျော်တောင် ရှိတယ်ဆို။'

'ဟုတ်တယ် အခု ၁၀၀၀ ထပ်တိုးလို့....'

'ဘာ.........' အမလေး တော်ပါသေးရဲ့ ဒီကောင့်ကို ရင်မခုန်တော့တာ။ မဟုတ်လည်း ကူးစူးရောက်ရင် ချစ်ကြည်နူး တစ်တီတူးရမှာထက် သူတို့စည်းကမ်း မဖောက်မိအောင် ရှောင်လင်သိုင်းကွက် နင်းနေရမှာ။

The Promise  ( Completed )Where stories live. Discover now