Ep - 7

820 57 0
                                    


AN.... The Untamed ထဲက ဇာတ်ကောင်တွေရဲ့ နာမည် နေရာတွေ သုံးနှုန်းထားပါသည်။

လွန်ခဲ့သော နှစ်ပေါင်း ၅၀၀ ခန့်က ဂိုဏ်းကြီး ၅ ဂိုဏ်းထဲတွင် လူပြောများတဲ့ ဂိုဏ်း ၃ ဂိုဏ်းကတော့ ယွင်မုန့်ကျန်း၊ ကူးစူးလန်၊ ချီရှန်းဝမ်း တို့ပဲ ဖြစ်ပါတယ်။ အဲ့ဂိုဏ်းတွေ လူပြောများရတဲ့ အကြောင်းကလည်း တစ်မျိုးစီ ရှိနေကြပါတယ်။

ယွင်မုန့်ကျန်း ဂိုဏ်းမှာဆိုရင် ပျော်ပျော်နေတတ်ပြီး လူအများရဲ့ ချစ်ခင်မှုကို ရထားတဲ့ သူတို့ရဲ့ သခင်လေးကြောင့် လူတိုင်းရဲ့ ပါးစပ်ဖျားမှာ သတင်းမွှေးနေပါတယ်။ အဲ့ဒီသခင်လေးဆိုတာကလည်း အလကား သတင်းမွှေးနေတာ မဟုတ်ပဲ သူ့ရုပ်ရည်လေးကပါ ထပ်ပံ့ပိုးပေးထားပါသေးတယ်။ သူကတော့ ကျန်းဝေ့ရင်း ဆိုတဲ့ သခင်လေးပဲ ဖြစ်ပါတယ်။

ဒုတိယ လိုက်တာက ကူးစူးလန်ပေါ့ ကူးစူးလန်ရဲ့ ကျောက်စိမ်းနှစ်ဆူလို့တောင် တင်စားခံရတဲ့ ညီအကို နှစ်ယောက်ကြောင့်ပါ။ သူတို့က ရုပ်ရည်တွေလည်း တကယ့်ပထမတန်းစားထဲမှာ ပါတယ်။ ဒါပေမယ့် မျက်နှာတွေက အရမ်းတည်ငြိမ်နေတော့ လူအများက ကောင်းကြောင်းတွေ ပြောချင်ပေမယ့် ရှိန်နေတာကြောင့် သတင်းမွှေးတဲ့နေရာမှာ ဒုတိယ လိုက်သွားပါတယ်။
တကယ်တော့ ကူးစူးလန် ညီအကိုထဲမှာ အကြီးဖြစ်တဲ့ လန်ရှီးချန်ထက် သူ့ညီ လန်ဝမ့်ကျီး က ရုပ်ရည်ပိုပြီး ကြည့်ကောင်းပါတယ်။ ဒါပေမယ့် တလောကလုံး သူ့လုပ်စာ ထိုင်စားနေရတဲ့ ရုပ်လေး ဖြစ်နေရှာတော့ မိန်းမပျိုလေးတွေ သတ်မှတ်တဲ့ ပြည့်စုံတယ်ဆိုတဲ့ အဆင့်မှာ သူ့အကိုနောက် ရောက်သွားပါတယ်။

ဂိုဏ်းနှစ်ဂိုဏ်းက ရုပ်ရည်တွေ စိတ်နေစိတ်ထားတွေနဲ့ သတင်းမွှေးနေတယ်ဆိုရင် တတိယ လိုက်တဲ့ ချီရှန်းဝမ်း ဂိုဏ်းကလည်း လူတွေရဲ့ ရှုတ်ချစရာ အဖြစ် သတင်းကြီးနေပါတယ်။ ချီရှန်းဝမ်း ဆိုတာ လူတိုင်း ကြောက်ရွံကြီး ဖြစ်နေရတဲ့ အကြောင်းရင်းကတော့ ဂိုဏ်းချုပ်က သူတော်စင် မဟုတ်ပဲ မိစ္ဆာလမ်း လိုက်နေတဲ့ အတွက်ကြောင့်ပါ။ အခုလည်း သူ့သား ဖြစ်တဲ့ ဝမ်ရန်ကျင့် က သိုင်းလောက လူငယ်တွေကို သူတို့ဂိုဏ်းအောက်မှာ မဝင် မနေရ ဆိုတဲ့ စည်းမျဉ်းနဲ့ အနိုင်ကျင့်နေပါသေးတယ်။
~~~~~~~~~~~~~~
' ပါး ... သားက တကယ် ဝမ်းဂိုဏ်းက ပညာသင် ခေါ်တာ သွားရမှာလား။ သူတို့ ဒီတစ်ခေါက် ပညာသင် ခေါ်တယ်ပြောတာ သားကတော့ မရိုးသားဘူးလို့ ထင်တာပဲ'

The Promise  ( Completed )Where stories live. Discover now