Ep - 21

557 55 0
                                    

' ဝေ့ရင်း သနားပါတယ်....'

ရှောင်းကျန့် အခု ဝမ်ရိပေါ် သူ့ကို ပြောပြနေတဲ့ အကြောင်းတွေက သူ့အိပ်မက်ထဲကနဲ့ မတူတာ သတိရသွားတယ်။

သူ့အိပ်မက်ထဲမှာ ဝေ့ရင်းက မိစ္ဆာလမ်းစဉ် လိုက်သွားတာလေ... အခုကျ ဝေ့ရင်းက လန်ကျန့်ကို ကယ်ရင်း ဝမ်ကျုးလျို လက်ထဲ သေသွားခဲ့ရတယ်။

' ဒါပေမယ့် ကျနော် မက်တဲ့ အိပ်မက်ထဲမှာ ဝေ့ရင်းက မိစ္ဆာလမ်းစဉ် လိုက်သွားတာ။ ဘာလို့ မတူတာလဲ ....'

' ဘေဘီက ရုပ်ရှင်တွေ အကြည့်များပြီး စိတ်စွဲသွားတာ ဖြစ်မှာပေါ့.... ကိုယ် သိတဲ့ ဝေ့ရင်းက အသေသာ ခံမယ် ဘယ်တော့မှ မိစ္ဆာလမ်းစဉ် လိုက်မယ့်သူ မဟုတ်ဘူး။'

ရှောင်းကျန့်လည်း ဝမ်ရိပေါ် ပြောတာ ဟုတ်သလိုလို ရှိတာမို့ သိပ်မစဉ်းစားပဲ လက်ခံ လိုက်တယ်။

' ဒါဆို ဝေ့ရင်းက သူ့အဖေ မသေသေးတာ မသိသွားရဘူးပေါ့'

'အင်း ကိုယ်လည်း ဝေ့ရင်း သေသွားပြီး ဝမ်းဂိုဏ်းနဲ့ တိုက်ဖို့ ကူးစူးပြန်သွားမှ သိရတာ။'

' ဝေ့ရင်း အဖေလည်း သနားပါတယ်။ အကုန်လုံး
ဆုံးရှူံးသွားရတာ။'

' ကိုယ့်ကိုကော မသနားဘူးလား....'

' အမ် ... ဘာဆိုင်လဲ .....'

' မင်း ကိုယ့်ကို ထားသွားခဲ့တာလေ....'

' အဲ့ဒါ လန်ကျန့် ကိုလေ ခင်ဗျားပဲ အခု ခင်ဗျားက ဝမ်ရိပေါ်ဆို ...'

ရိပေါ် သူ့ကို အရူးကွက် နင်းချင်နေတဲ့ ဘေဘီ ကြောင့် နှုတ်ခမ်း တစ်ဖက် ကော့တက်သွားအောင်း ပြုံးလိုက်တယ်။ ကလေးမို့လို့ အကြမ်းမဖက် ချင်သေးဘူး။

' ဆက်ပြောလေ ခင်ဗျား ကူးစူးလန် ရောက်တော့ ဘာဆက်ဖြစ်လဲ .....ပြီးတော့ ကလေးကော ...'

' ကလေးကိုတော့ လန်ဟွားကို င်္သချိုင်းတောင်ကုန်း ပြန်လွှတ်ပြီး ကြည့်ခိုင်းရတာပေါ့။

ကိုယ်တို့က ကူးစူးလန် ဂိုဏ်းရော ဝေ့ရင်းရဲ့ အဖေ ရော ပြီးတော့ မိစ္ဆာ နတ်ဆေး သမားတော် ရော အားလုံး ပေါင်းပြီး ဝမ်းဂိုဏ်းကို သွားတိုက်ခဲ့တယ်။

The Promise  ( Completed )Where stories live. Discover now