Ep - 31

563 48 0
                                    

' မား ...'

ရှောင်မား သား ခေါ်သံကြောင့် စာရင်းတွေ လုပ်ရာကနေ လှည့်ကြည့်လာပြီး သားကို မြင်တာနဲ့ ထ လာလိုက်တယ်။

' သား ... ကျန့်ကျန့်။ ဘယ်တွေ သွားနေတာလဲ သားရယ်။ မား ဖုန်းဆက်တော့လည်း မရဘူး။'

ရှောင်းကျန့် သူ့ကို တွေ့တာနဲ့ သူ့ဆီ အပြေးလာတဲ့ မားကြောင့် မား ကို ထားခဲ့ဖို့ စဉ်းစားခဲ့မိတာကို သတိရပြီး သူ့ကိုယ်သူ အပြစ်တင်လိုက်တယ်။

' သား ကျိုးချန်တို့နဲ့ ခရီးတို သွားလိုက်မိတာပါ။ ပြီးတော့ သား ဖုန်းအား ကုန်သွားလို့ပါ။ တောင်းပန်ပါတယ် မား။ မား ကို မပြောပဲ သွားလိုက်လို့။'

' ကျနော်တို့လည်း တောင်းပန်ပါတယ် မား။ အသိမပေးပဲ ကျန့်ကျန့် ကို ကျနော်တို့နဲ့ အတူ ခေါ်သွားတာ။'

ကျိုးချန် နဲ့ ယွီပင်းလည်း ကျန့်ကျန့် ခုလို ဖြစ်ရတာ သူတို့အပြစ်လည်း မကင်းတာမို့ ရှောင်မားကိုလည်း တောင်းပန်ရအောင် တမင် ကျန့်ကျန့်ကို အိမ်ထဲထိ လိုက်ပို့တာ ဖြစ်တယ်။

' အေးပါ အေးပါ။ ဒီတစ်ခါတော့ ထားလိုက်တော့။ နောက်တစ်ခါ ဘယ်သွားသွား မား ကို ပြောသွားကြနော်။'

' ဟုတ်ကဲ့။'

' ဒါဆို ကျန့်ကျန့် ငါတို့ ပြန်ပြီ။ မင်း ကားက ကျောင်းမှာပဲ ရှိသေးတာနော်။ မနက် ကျောင်းသွားဖို့ လာခေါ် လိုက်မယ်။'

' အေးပါ။'

' မား ... သားတို့ ပြန်တော့မယ်။'

' အေး အေး။'

' မား.... သား မားကို အရမ်းချစ်တယ်နော်။'

ရှောင်းကျန့် ကျိုးချန် နဲ့ ယွီပင်း ပြန်သွားတော့ မား ကို ပြန်ဖက်ပြီး ရင်ခွင်ထဲ ဝင်နေလိုက်တယ်။

' မား လည်း သားကို အရမ်းချစ်ပေါ့။ နောက်ဆို သား ဘယ်သွားသွား ဘာလုပ်လုပ် သူငယ်ချင်းအိမ်မှာ အိပ်မယ်ဆိုရင်တောင် မား ကို ပြောနော်။

အခု သား ၃ ရက်လောက် အကြောင်းမကြားပဲ ပျောက်သွားတာ မား ဘယ်လောက် စိတ်ပူနေရလဲ သိလား။ သား သူငယ်ချင်းရဲ့ မိဘတွေဆီ ဆက်တော့ သားရဲ့ သူငယ်ချင်းတွေပါ အိမ်မှာ မရှိဘူးဆိုမှ မား အသက်ရှူချောင်သွားရတာ။

The Promise  ( Completed )Where stories live. Discover now