Ep - 32

567 49 2
                                    

' ဟေ့ .... ကျန့်ကျန့် ဘာရှာနေတာလဲ။'

ယွီပင်း သူတို့ အခန်းထဲ ဝင်လာတာနဲ့ ခုံအောက်ကို ငုံ့ကြည့်နေတဲ့ ကျန့်ကျန့် ကြောင့် မေးလိုက်တယ်။

' သူ့ကို နေ့တိုင်း လာ ဆက်သ တဲ့ ပန်းစည်းကို ရှာနေတာ နေမှာပေါ့။'

ကျိုးချန် ကတော့ အခန်းထဲ ဝင်လာပြီး ကျန့်ကျန့် မျက်စိနောက်အောင် ဟိုရှာ ဒီရှာ လုပ်နေကတည်းက သိလိုက်တာ ဖြစ်တယ်။

' ဘာလဲ ... ဒီနေ့ မရှိဘူးလား။'

ဝမ်ကျန့်လည်း သူတို့ ခုံထိပါ ငုံ့ကြည့်လာတဲ့ ကျန့်ကျန့် ကြောင့် မေးလိုက်တယ်။

' အေး ဟုတ်တယ်။ မရှိဘူး။'

' လာပေးတော့ကော နင် ဘာလုပ်မှာလဲ။ တပတ်လုံး နင် လွှင့်ပစ်ခဲ့တာပဲမလား။'

ရှောင်းကျန့် ကျိုးချန် စကားကြောင့် သူလည်း ဘာလို့ အဲ့ပန်းကို မျှော်လင့်မိနေတာလဲဆိုတာ သူ့ကိုယ်သူလည်း မသိပါ။

မြင်ဖူးနေကျ အရာကို ရုတ်တရက် မမြင်ရတော့ လိုက်ရှာကြည့်မိရုံပဲ နေမှာပါ။ ဟုတ်တယ်။ ဒီတိုင်း သဘောရိုးနဲ့ပဲ။

' ဒါနဲ့ အဲ့ပန်းကို ငါ Google မှာ ရှာကြည့်တော့ တစ်စုံ တစ်ယောက် ဆီက ခွင့်လွှတ်မှုကို လိုချင်ရင် အဲ့ပန်းကို သုံးကြတယ်တဲ့။ အဲ့ပန်း နာမည်က Daffodils တဲ့။ ပြီးတော့ အဲ့ပန်းမှာ တရုတ်မှာ မရနိုင်ဘူး။ စိုက်ပျိုးရ ခက်လို့။

အဲ့ဒါကြောင့် အခု ကျန့်ကျန့် ကို ပို့ ပို့ပေးနေတာ နိုင်ငံခြားကနေ မှာတာ ဖြစ်လောက်တယ်။'

' wow !!!!! မိုက်လိုက်တာ...'

' ကျန့်ကျန့် နင့်ကို ကြိတ်ပိုးနေတဲ့ လူက ပိုက်ဆံ တော်တော် ရှိတယ်ထင်တယ်။ နေ့တိုင်း နိုင်ငံခြားကနေ ပန်း မှာပြီး ပို့ပေးနေတာဆိုတော့....'

ဝမ်ကျန့် စကားကြောင့် ကျိုးချန် နဲ့ ယွီပင်း တ ဝိုး ဝိုးနဲ့ ဝိုင်းပြီး ပြောနေကြတယ်။

ရှောင်းကျန့်လည်း ဝမ်ကျန့် ပြောမှ နေ့တိုင်း လွှင့် လွှင့်ပစ်ခဲ့တဲ့ ပန်းတွေကို နှမြောမိသွားတယ်။ အဲ့လောက် ခက်ခဲမှန်း သိရင် အခြောက် ထားတာပေါ့။

The Promise  ( Completed )Where stories live. Discover now