Ep - 28

573 47 0
                                    

' ဒါဆို ဒီက ညီမ .... အဲ ဟုတ်ဘူး... မမ က လည်း ဝမ်ကျန့် လိုမျိုးပဲပေါ့။'

' အေးပေါ့ .... သူ့ကို ငါပဲ မွေးပေးခဲ့တာ။ အဲ့ဒါကို သူ့ အဖေက လူစိတ် မရှိဘူး....'

' မမ !!!!!.'

ရှောင်းကျန့် သူ့ အကြောင်းတွေကို ကျိုးချန် တို့ကို မသိစေချင်တာကြောင့် မမ စကား မလွန်ခင် တားလိုက်တယ်။

' ကဲ .... မင်းတို့ သူငယ်ချင်းတွေ စကား ပြောနေလိုက်ကြအုံး။

ငါက လူနာ အိမ် ပြန်သွားရအုံးမှာ။'

လန်ဟွား ခုန လမ်းမှာ ကလေးလေးရဲ့ သူငယ်ချင်းတွေ လိုက်လာပြီး မိုးတိုးမတ်တပ် နဲ့ လမ်းမှာ စကား ရပ်ပြောနေရတာကြောင့် သူတို့ကို အိမ်ပြန်လိုက်ပို့ပေးလိုက်ရတယ်။

' ယွင်ရှင်း .....'

' ရှင် မမလေး ....'

' အေး ... လာ ငါနဲ့ပဲ လိုက်ခဲ့လိုက်တော့။'

' ဟုတ်ကဲ့ .....'

'ဘတ် .... ယွီပင်း မျက်လုံးလေး ထိန်းအုံး အပြင်ကို ကျွတ်ကျတော့မယ်။'

' ဟိ .... ခုန ယွင်ရှင်း ဆိုတဲ့ တစ်ယောက်က ချစ်စရာလေး ပုပုလေးနဲ့ ....'

' အေး လုပ်မနေနဲ့ မင်း အဘိုး အဘေး ထက် အသက်ကြီးတယ်။'

ယွီပင်း ကျိုးချန် စကားကြောင့် မျက်စောင်း ထိုးလိုက်ပြီး....

' age is just a number !!!.'
အသက် အရွယ် ဆိုတာ ကိန်းဂဏန်း တစ်ခုပဲလို့ ပြောလိုက်တယ်။

' မင်းတို့ သူ့ကို ဘာလို့ ခေါ်လာတာလဲ ....'

ရှောင်းကျန့် ဝမ်ကျန့်ကို ကြည့်လိုက်ပြီး ကျိုးချန်ကို လှမ်းမေးလိုက်တယ်။

' ငါ ... နင် အိမ်မပြန်လာလို့ ဆိုပြီး သူတို့ နှစ်ယောက် ငါ့အိမ်မှာ လာသောင်းကျန်းတော့ ငါလည်း နင့်ကို မတွေ့မချင်း အိမ် မပြန်တော့ဘူးဆိုပြီး သူတို့နဲ့ လိုက်ခဲ့တာ။

ငါ့ကို မနှင်ပါနဲ့နော်။ ငါ ... ငါ့ဒက်ဒီ နဲ့ မနေတော့ဘူးဆိုပြီး အိမ်ပေါ် ကပါ ဆင်းလာတာ။'

' အဲ့ ဝမ်ကျန့် နင့်ကို တကယ် ခင်ပါတယ်။ သူ့ကိုတော့ ခွင့်လွှတ် ပေးလိုက်ပါ...'

The Promise  ( Completed )Where stories live. Discover now