Ep - 22

603 57 1
                                    

ဝမ်ကျန့် မနေ့ည ဒက်ဒီကို ထပ်ပြီး အနှောင့်ယှက် မပေးချင်တာကြောင့် ကျန့်ကျန့် ပြန်သွားတာနဲ့ သူလည်း အပေါ်တက်ပြီး နားလိုက်တယ်။

' သား .... မနက်စာ လာစားပြီးမှ သွား....'

ဝမ်ကျန့် ဒီမနက် ကျောင်းရောက်မှ ကျန့်ကျန့် တို့နဲ့ မနက်စာ စားပြီး ဒက်ဒီ့ ကိုယ်စား တောင်းပန်မယ် လုပ်ထားတာ။ အိမ်ထဲက ထွက်မလို့ လုပ်တုန်း ဒက်ဒီ့ ခေါ်သံကြောင့် ထမင်းစားခန်းထဲ ခြေပြန်လှမ်း လိုက်ရတယ်။

' သားက ကျောင်းရောက်မှ ကျန့်ကျန့် နဲ့ စားမလို့ ....'

' ရော့ .... မနေ့ည သူ ပြုတ်ကျကျန်ခဲ့တာ ဖြစ်မယ်။ သွားပေးလိုက်။ ပြီးတော့ သား ကျောင်းမတက်နဲ့တော့'

' ဗျာ .... ဘာဖြစ်လို့လဲ ... သူက သားရဲ့ ပါပါး မဟုတ်ဘူးလား။'

' မဟုတ်ဘူး.... ဝေ့ရင်းက ဒက်ဒီ့ကို ဘယ်တော့မှ ရိုင်းစိုင်း ပြောဆိုမှာ မဟုတ်ဘူး။ ပြီးတော့ သူ့အိပ်မက်က ဒက်ဒီ တို့ အဖြစ်ပျက်နဲ့လည်း မတူဘူး။'

' အဲ့ဒါနဲ့ သား ကျောင်း ဆက်မတက်ဖို့နဲ့ ဘာဆိုင်လို့လဲ...'

' သားက အဲ့စာတွေပဲ ခန ခန ပြန်သင်ချင်သေးလို့လား။ ဒက်ဒီ တို့ နိုင်ငံခြား ပြန်မယ် တက်ချင် အဲ့မှာပဲ ပြန်သွားတက်...'

'ဟင့်အင်း ... သား ဒီကို မလာချင်တော့လဲ အတင်းလွှတ်ခဲ့တယ်။ သား ကျောင်း မတက်ချင်တာကိုလည်း တက်ခိုင်းခဲ့တယ်။ အခု သား ဒီမှာ ပျော်နေပြီ ဆိုမှ နိုင်ငံခြား ပြန်ပြောင်းခိုင်းတယ်။ သား ဘယ်ချိန်ထိ ဒီလို ဘဝ မှာ နေရအုံးမှာလဲ ....'

ရိပေါ် ကျောင်း မတက်ခိုင်းတာနဲ့ ပဲ သူ့ကို ငိုယိုပြီး ပေါက်ကွဲပြနေတဲ့ ဝမ်ကျန့် ကြောင့် ဘာဆက်ပြောရမှန်း မသိ ဖြစ်သွားတယ်။

'ပြီးတော့ သား နှလုံးသားက သိနေတယ် ကျန့်ကျန့်က သားရဲ့ ပါပါး ပဲ ဆိုတာ....'

ဝမ်ကျန့် အပြတ်ပြောပြီး ခုံပေါ်က ဒက်ဒီ ချထားတဲ့ ဟန်းချိန်းကို ကောက်ယူပြီး ထွက်လာလိုက်တယ်။

' မင်းရဲ့ ပါပါးက ဘယ်ဘဝမှာဖြစ်ဖြစ် ယောကျာ်းလေးပဲ ဖြစ်နေမယ်လို့ မဆိုလိုဘူးလေ.....'

The Promise  ( Completed )Waar verhalen tot leven komen. Ontdek het nu