Ep - 30

638 55 2
                                    

ရိပေါ် အိမ်ထဲ ဝင်လာတော့ ရှိုက်သံ ထွက်နေသေးတဲ့ ဟိုကောင်လေး နားမှာ ဝိုင်းပြီး ချော့မော့ နေတာ တွေ့လိုက်ရတယ်။

လန်ဟွား တံခါးပေါက်ကို ကြည့်ပြီး သူ့ ဘက်ကို မျက်နှာ ကွယ်လိုက်တဲ့ ကလေးကြောင့် သူပါ တံခါးပေါက်ကို ကြည့်လိုက်တော့ အိမ်ထဲကို ဝင်လာတဲ့ လန်ဝမ့်ကျီး ကို တွေ့လိုက်ရတယ်။

ရိပေါ် သူ အိမ်ထဲ ဝင်လာတော့ အိမ်ထဲ ရှိရှိသမျှ မျက်လုံးတွေ သူ့ဆီ အကုန်ရောက်လာတာကြောင့် အိမ်ထဲ ဝင်မယ့် ခြေလှမ်းတွေ ရပ်သွားရတယ်။

' လန်ဝမ့်ကျီး မပြန်ချင်သေးရင် အပြင် မှာ သွားနေ။ ကလေး နင့်ကို ကြောက်နေတာ မသိဘူးလား။ ဘာလို့ ဝင်လာတာလဲ....'

ရိပေါ် သူ့ကို လန်ဟွား ပြောတာနဲ့ အကုန်လုံး ရဲ့ မျက်နှာတွေကလည်း လန်ဟွား လိုပဲ သူ့ကို အိမ်ထဲ ဝင်လာတာ အလို မရှိတဲ့ ပုံစံတွေ ဖြစ်နေတာ တွေ့လိုက်ရတယ်။

' ကော .....'

' ဟမ် ...... အ ... အဟမ်း...'

ရှီးချန် သူ့ညီ ခေါ်လို့ မျက်လုံး ဝေ့ကြည့်လိုက်ပေမယ့် သူ့ကို မီးတောက် မျက်ဝန်းနဲ့ ကြည့်လာတဲ့ လန်ဟွားကြောင့် မျက်လုံးပြန်သိမ်းပြီး ချောင်း ဟန့် လိုက်ရတယ်။

ရိပေါ် သူ့အကိုတော့ သူ့ကို နားလည်မလား ဆိုပြီး မျှော်လင့်ချက်အပြည့်နဲ့ ခေါ်လိုက်ပေမယ့် သူ့အကိုက မယူရသေးတဲ့ မယားလောင်းကို ကြောက်နေတဲ့ပုံ တွေ့လိုက်ရတာကြောင့် သူ့ဘက်မှာ ဘယ်သူမှ မရှိတော့ဘူးဆိုတာ သိလိုက်တယ်။

ရိပေါ် အိမ် အပြင်ကို ပြန်ထွက်လာလိုက်တယ်။
' တောင်းပန်ခွင့် တောင် မရှိတော့ဘူးလား။'
~~~~~~~
' ကဲ ... ကလေးလေး မငိုနဲ့တော့။ အခု ဘယ်သူမှ မရှိတော့ဘူး။ နောက်ဆို ကလေးလေး ကို မမ ကာကွယ်ပေးမယ်။'

' ဟုတ်တယ်။ အကို လည်း ကာကွယ်ပေးမယ်။'

ရှောင်းကျန့် သူ့ကိုယ်သူ အကို ပြောလာတဲ့ တစ်ယောက်က ဟိုလူရဲ့ အကို ဖြစ်လိမ့်မယ်ဆိုတာ သိလိုက်တယ်။ အကို နဲ့ ညီက အဲ့လောက်တောင် ကွာခြားရလား။ ဟိုက ဘီလူး ဝင်စီးထားသလား အောက်မေ့ရတယ်။

The Promise  ( Completed )Where stories live. Discover now