Ep - 19

489 43 2
                                    

' လန်ကျန့် ငါတို့ ခနလောက် ယွင်မုန့်ကို ပြန်ရအောင် ငါ မား ကိုလည်း လွမ်းတယ်။ ကျန်းချန် ကိုလည်း တွေ့ချင်တယ်။ အဲ့ကောင်ကို ပါး က ငါ ဒီမှာ ရှိမှန်း မပြောပြဘူးထင်တယ် လာတောင်မတွေ့ဘူး။'

' အင်း သွားလေ။'

' ဒါဆို အခုပဲ သွားရအောင်.....'

' ခနလေး ဂူထဲ သွားလိုက်အုံးမယ်။ ငါတို့ သွားတာ ရက်နည်းနည်းတော့ ကြာမှာပဲ။ အဲ့ဒါ စွမ်းအားတွေ အလုံလောက် ထုတ်ထားမှ ရမယ်။'

'အင်း .... သွား ငါ ခရီးထွက်ဖို့ ပြင်ထားလိုက်မယ်။'

ဝေ့ရင်း မား နဲ့ တွေ့ရတော့မှာ မို့လို့ ပျော်နေတယ်။ သား အကြောင်း ပြောပြရင် မား လက်ခံမှာလား။ ပြီးတော့ မား သားလေးကို တွေ့ချင်နေမလား။ သားကို ခေါ်သွားလို့ ရရင် ကောင်းမှာပဲ။

ဝေ့ရင်း တောင်တွေး မြောက်တွေး လျှောက်တွေးပြီး
ပျော်နေတုန်း လန်ကျန့် ပြန်ရောက်လာတယ်။

' ဝေ့ရင်း ပြီးပြီလား .... သွားမယ်။'

' အင်း .....'
~~~~~~~~
ရှီးချန် တစ်နေ့လုံး တစ်ညလုံး ဂူထဲပဲ နေ နေတဲ့ လန်ဟွား အတွက် ထမင်းဟင်း တွေ ယူပြီး သွားပေးမလို့ လုပ်နေတုန်း ဝမ့်ကျီး ရောက်လာတာကြောင့် မသွားဖြစ်သေးပါ။

' ဝမ့်ကျီး ကိစ္စ ရှိလို့လား....'

'ဟုတ် ... ဝေ့ရင်းက သူ့အိမ် ခန ပြန်ချင်တယ်တဲ့။ အဲ့ဒါ ကျနော် ပါ လိုက်သွားပေးမယ့်အကြောင်း အကိုကြီးကို လာပြောတာပါ။'

'အင်း သွားလေ။ ဝမ့်ကျီး ... လိုက်သွားသင့်တာပေါ့။ ကျန်း သခင်မကြီးဆီကိုလည်း အကျိုးအကြောင်း ပြောပြီး တောင်းပန်ခဲ့ ဟုတ်ပြီလား။'

'ဟုတ်ကဲ့.....'

ရှီးချန် ဝမ့်ကျီး ထွက်သွားတာနဲ့ သူလည်း ဂူထဲကို ထွက်လာလိုက်တယ်။

' လန်ဟွား .... ဒီမှာ စားစရာ ယူလာတယ်။ လာ စားလိုက်အုံး....'

'အင်း.... နောက်ဆုံးတော့ နည်းလမ်း တွေ့သွားခဲ့ပြီ။'

'ဟုတ်လား.... ဝမ့်ကျီး ဆီက စွမ်းအားတွေ မထုတ်တော့လည်း ရလား...'

' အဲ့လိုတော့ မရဘူး။အခုတော့ ကျမ ဖော်တဲ့ ဆေးနဲ့ ရှင့်ညီရဲ့ စွမ်းအားနဲ့ဆို ကလေးကို သူ့ကိုယ်သူ ထိန်းချုပ်နိုင်တဲ့ ချိန်ထိ တားထားလို့ ရသွားလိမ့်မယ်။ ပြီးရင် စွမ်းအားတွေ ထပ်ထုတ်စရာ မလိုတော့ဘူး။အခုက ငယ်နေသေးလို့ သူက စုပ်ယူတာပဲ လုပ်တတ်တာလေ။'

The Promise  ( Completed )Where stories live. Discover now