Ep - 25

575 51 0
                                    

' အားးး အမေရေ ဗိုက်နာတယ်... ဘယ်သူမှ မရှိဘူးလား။ ကျမဗိုက်ကို လာခွဲလိုက်ပါတော့ ... အားးး အရမ်းနာလို့ပါ...'

' မိန်းမ ခန ခန ခနပဲစောင့် သမားတော် သွားခေါ်လာပြီးပြီ။ လာတော့မယ်နော် ....'

' ခုနကတည်းက လာမယ် လာမယ် ပြောနေတာ အဲ့သမားတော်က ဘယ်တော့ လာမှာလဲ !!!! အားးး နာတယ် နာတယ်။'

ထိုစဉ် ... သူတို့ ခြံဝင်းထဲကို သမားတော် ဘေးမှာ အမြဲတွေ့နေရတဲ့ မိန်းကလေး ဝင်လာတာ တွေ့လိုက်ရတယ်။ ဘုရား တစ်ဆူ ပွင့် သွားသလိုပါပဲ.....

' အမလေး ဆရာမလေး လာပါ အမြန်လာကြည့်ပေးပါ။'

ယွင်ရှင်းလည်း သူ ခြံဝင်းထဲ ခြေချရုံရှိသေး အမေ တွေ့သလို လက်ကို လာဆွဲခေါ်သွားတဲ့ လူကြောင့် လမ်းလျှောက်စရာ မလိုပဲ အလိုလို အိမ်ထဲ ရောက်သွားရတယ်။

' ရှင် ရေနွေး တည် ထားပြီးပြီလား။ ပြီးတော့ ကလေး မွေးလာရင် ရေသန့်စင်ပေးမယ့် ဇလုံရော အဆင်သင့် ပြင်ထားရဲ့လား....'

' ကျနော် အကုန် လုပ်ပြီးပါပြီ ဆရာမ ။ ဟို သမားတော်ရော မလာသေးဘူးလား။ တော်ကြာ သူ မရောက်ခင် ကလေး မွေးသွားအုံးမယ်။'

' အဲ့လိုဆိုလည်း ကျမ မွေးပေးစရာ မလိုတော့ဘူးပေါ့ ....'

' အဲ ... သမားတော် လာပြီလား။ လာပါ လာပါ ကျနော်က ဒီတိုင်း ပြောလိုက်တာပါ။'

လန်ဟွား အိမ်ထဲ ဝင်လိုက်ပြီး တိတ်ဆိတ် နေတာကြောင့် ....

' ရှင့်မိန်းမ ခုကျ အသံ မထွက်ပါလား....'

' အဲ ... ဟုတ်သားပဲဗျ ... အော် လွန်းလို့ အားကုန်သွားတာလား မသိဘူး....ကျနော် သွားကြည့်လိုက်အုံးမယ်။'

' အမလေး .... သမားတော် လာပါအုံး ကျနော့် မိန်းမ ဘာဖြစ်သွားတာလဲ မသိဘူး။ မျက်ဖြူ ပါ လန်နေပြီ...'

လန်ဟွား ဟိုလူ အသံကြောင့် လန့်သွားရတယ်။ သူ ကလေးမွေးပေးလာတဲ့ သက်တမ်းတစ်လျှောက် ခုလို ဖြစ်တာမျိုး မကြုံဖူးပါ။

လန်ဟွား နဲ့ ယွင်ရှင်း အခန်းထဲ အမြန်လိုက်ဝင်သွားလိုက်တယ်။

လန်ဟွား ဟိုမိန်းမကို အုပ်ထားတဲ့ စောင်ကို လှန်ကြည့်တော့ ကလေးက မွေးဖို့ လိုသေးတယ်။ ကြည့်ရတာ နာ လွန်းလို့ ရှော့ရသွားတာဖြစ်မယ်။

The Promise  ( Completed )Where stories live. Discover now