Ep - 38

658 50 0
                                    

' ကျန့်ကျန့် .... နင် ကားပေါ်က ဆင်းပြီးပဲ စောင့်လိုက်မလား။ ကားကို အာရုံစိုက် မမောင်းနိုင်လည်း ဆင်း ငါပဲ မောင်းမယ်။'

ကျိုးချန် တကယ် $မြင်ကပ်လာတာပဲ ဖြစ်တယ်။ ဘယ်နှယ့် ကားမောင်းတာ ရှေ့မကြည့်ပဲ ကား ဘက်ခ် မှန်ကိုပဲ ကြည့်နေတယ်။

' အေးလေ ... ကျန့်ကျန့် ရာ ။ နင် မမောင်းပဲ ကျိုးချနိကိုပဲ မောင်းခိုင်းလိုက်တော့ ငါ ခုမှ ငယ်ငယ်လေးပဲ ရှိသေးတာ မသေချင်သေးဘူး။'

ရှောင်းကျန့် သူကလည်း သူပဲ ဝမ်ကျန့် နားနားကပ်ပြီး လာပြောတဲ့ ဒက်ဒီလည်း လိုက်လာမယ် ဆိုတဲ့ စကားကြောင့် ကားမောင်းတာတောင် လိုက်လာပြီလား လိုက်လာပြီလားနဲ့ အနောက် လှည့်တကြည့်ကြည့် လုပ်နေမိတယ်။

' အေး .... လာမောင်းလိုက်တော့။ ငါလည်း အိပ်ချင်နေတာနဲ့ အတော်ပဲ။'

ရှောင်းကျန့် ဟန် ကိုယ့်ဖို့ လုပ်ပြီး ပြောပြီး ကားကို ရပ် လိုက်တယ်။

' ဟွန့် .... အိပ်မယ် ပြောပြီး မအိပ်လို့ကတော့ ကား ပေါ်က ခါ ချမှာ နင့်ကို....'

ရှောင်းကျန့် သူ့ကို ပြောပြီး ကားရှေ့ တက်သွားတဲ့ ကျိုးချန်ကို ပုခုံး တွန့်ပြီး လျှာထုတ်ပြောင်လိုက်တယ်။ ခါချလည်း ပူစရာလား နောက်ကား စောင့်စီးလိုက်ရုံပေါ့။

' ဝမ်ကျန့် .... ငါတို့ နင့် ဦးငယ် အတွက် လက်ဖွဲ့တွေ ဘာတွေ ဝယ်သွားစရာ မလိုဘူးလား။'

' မလိုပါဘူး။ သူတို့ အကုန်ဝယ်ပြီးလောက်ပြီပေါ့။ သယ်ရမှာ လေးတယ် မဝယ်နဲ့။'

' တော်တော် ချစ်ဖို့ကောင်းတဲ့ တူ ပဲနော်။'

ဝမ်ကျန့် ကျိုးချန် အပြောကို သွားစိပြီးပဲ ရယ်ပြလိုက်တယ်။

' ကျန့်ကျန့် ရာ .... ဘာဖြစ်နေတာလဲ။ လှုပ်စိ လှုပ်စိနဲ့ ။'

' ဘာလဲ ... မြို့ထဲကလည်း ထွက်ပြီ။ ဒီလမ်းပေါ်မှာလည်း ဘာမှ ဆင်းဝယ်စရာ မရှိတော့ဘူး။ နင့်ကို ကား ထပ်ရပ်ပေးရအုံးမှာလား။'

' နင်တို့ကလည်း ငါ့ကိုပဲ လိုက်ကြည့်မနေကြနဲ့လေ...'

' လိုက်မကြည့်လည်း နင့်ရဲ့ တဟင်း ဟင်း နဲ့ သက်ပြင်းချသံတွေ ကြားနေရတာပဲ။ ပြီးတော့ နင် လမ်းမှာ ဟိုဟာ လုပ်ချင်လို့ ဒီဟာလုပ်ချင်လို့နဲ့ ကား ရပ် ရပ်ပေးနေရတာ အခုကြည့် ငါတို့ ရွာရောက်ရင် မိုးချုပ်ပြီပဲ။'

The Promise  ( Completed )Where stories live. Discover now