Ep - 10

682 56 0
                                    

'ဒါက ဖြစ်သင့်လား ငါတို့လို ဂိုဏ်းသခင်လေးက ခုလို လုပ်နေရတယ်ဆိုတာ'

'အေးလေ သူ့ဘာသာ စာမသင်ချင်တာကို ... အခု ငါတို့ကပါ အကုန် ပင်ပန်းနေပြီ'

ဝေ့ရင်း သူ့နာမည် မထည့်ရုံတမယ် သူ့အနားမှာ အတင်းတုပ်နေတဲ့ ဂိုဏ်း ၃ ဂိုဏ်းက သခင်လေးဆိုတဲ့ကောင်တွေကို မျက်တောင်မခတ် စိုက်ကြည့်ပေးလိုက်တယ်။

ဘတ်....

'အ ... ကျန်းချန် ဘာလို့ ရိုက်တာလဲ ငါ့လက်မောင်းလေး နီ သွားပြီလား မသိဘူး'

ကျန်းချန် မူရာပိုနေတဲ့ ဝေ့ရင်းကြောင့် ဆောင့်ပါ ကန်ချင်လာတယ်။ အခုလည်း သူ့ကြောင့် အကုန်လုံး ဝမ်းဂိုဏ်း စိုက်ခင်းမှာ ရေလောင်း ပေါင်းသင်နေရတယ်။

'အေး ရိုက်ရုံမက ဆောင့်ပါ ကန်ချင်တာ... သူတို့ပြောနေတာလည်း မှားလား။'

'ဟွန့် .... အာ့ဆိုလည်း ငါ စာ မသင်ချင်ဘူး ပြောတုန်းကကျ ဘယ်ကောင်က သင်ချင်တယ် ထ ပြောလို့လဲ။ အကုန်လုံး မသင်ချင်ရင် ဒီတိုင်း စာမသင်ရတော့ဘူး ထင်ထားကြတာပဲမလား။ အခုမှ ငါ့ကို မကောင်း ကျောင်းပို့နေတာ။ နင် ပြော လန်ကျန့် ငါ မှားလား'

လန်ကျန့် ရေကုန်သွားလို့ ရေ ထပ်သွားထမ်းမလို့ လုပ်ရင်း သူ့ကိုပါ လူမိုက် အားပေး လုပ်ခိုင်းတဲ့ ဝေ့ရင်းကြောင့် အလိုတူ အလိုပါ ခေါင်းလိုက်ငြိမ့်ရမလို ခေါင်းပဲ ခါပြရမလို ဖြစ်နေတယ်။

'ဟင်လို့.... လန်ကျန့် ငါ မှားလားလို့..'

ဝေ့ရင်းရဲ့ ငြုတုတု အသံကြောင့် အကုန်လုံး ပေါက်တူး ပေါက်တဲ့လူက မြက် ထိုင်နုတ် လို နုတ်၊ မြက်နုတ်တဲ့လူက ရေထမ်းတဲ့ ထမ်းပိုး ကောက်ကိုင်လိုကိုင်နဲ့ အယောင်ယောင် အမှားမှား ဖြစ်သွားရတယ်။ လန်ကျန့်လား လန်ကျန့်ကတော့ မျက်နှာနဲ့ နားရွက်တွေ နီပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရတယ်။

ကျန်းချန်ကတော့ ဝေ့ရင်း အဲ့လို ပြောတာ တခါမှ မကြားဖူးတာကြောင့် မနက်က စားထားသမျှ ရင်ခေါင်းထိ ပျို့တက်လာသလို ခံစားရတာကြောင့် တ ဝေါ့ ဝေါ့နဲ့ ထိုးအန်နေတယ်။

The Promise  ( Completed )Where stories live. Discover now