E p - 4

1K 94 0
                                    

စီနီယာတွေ အခန်းထဲက ထွက်သွားတော့ တစ်ခန်းလုံး လက်ပံပင် ဆက်ရက်ကျ ဆိုသလို ထပ်ဆူညံသွားပါတယ်။
'ဟဲ့ ကောင်မတွေ အဲ့နေ့ ဘာဝတ်လာရမလဲ ငါ Queen ရရင် ရမှာ ပြောမရဘူး'

'ငါတော့ ဒီညနေ တကိုယ်လုံး treatment သွားလုပ်မယ်။'

'အေး ငါလည်း လိုက်မယ်။ ပြီးရင် shopping ထွက်မယ်....'

'ငါတို့ အခန်းက မိန်းကလေးတွေ စာ မရတာလည်း မပြောနဲ့ နှာခေါင်းက ရှေ့ရောက်နေတာကိုး....'

'အေးလေ တော်သေးတယ် ငါတို့ကို လာမကြိုက်လို့... မဟုတ်ရင် ဆွဲစားခံရမှာ... အမငီး ပြောရင်း ကြက်သီး ထတယ်...'

ရှောင်းကျန့် ဝမ်ကျန့်ကတော့ ကျိုးချန်နဲ့ ယွီပင်းကို ဘေးမဲ့ထားလိုက်တယ်။ သူတို့နှစ်ယောက်ကိုလည်း ဒီအခန်းက မိန်းကလေးတွေက အီးနဲ့တောင် လှည့်မပေါက်ပါဘူး။

ထိုစဉ်..... သူတို့ခုံနား ကောင်မလေးတစ်ယောက် ရောက်လာတယ်။

'ဟဲ့ ရောက်ရင်လည်း ပြောစရာ ရှိတာ ပြောလေ ဘာကြောင်ကြည့်နေတာလဲ....' ကျိုးချန် သူတို့နောက်ဆုံးတန်းကို ဘယ်တုန်းကမှ မလာတတ်တဲ့ မိန်းကလေးတွေ ရောက်လာတော့ ဒါ သူတို့ဆီလာတာ မဟုတ်မှန်း တန်းသိလိုက်တယ်။ အဲ့ဒါကြောင့် အမြင်ကပ်လေသံနဲ့ ပြောပစ်လိုက်တယ်။ ဒါလည်း ငနဲမက မဖြုံပါဘူး။

'ဟို .... ဝမ်ဝမ်ကျန့် .....'

'ဟင်.... ငါလား'

ရှောင်းကျန့်လည်း သူ့ချစ်စရာ ယုန်သွားကို ကျော်ပြီး ငပိန်ခြောက် ဝမ်ကျန့်ကို သွားခေါ်တဲ့ မိန်းကလေးကို သူလည်း အမြင်ကပ်ချင်လာပါပြီ။

'အင်း.... သူ့ကို ခေါ်တာ အဟိ'

အမ်.... ခေါ်ပြီးရင်လည်း ပြောလေ ဘာတုန်း အဟိ ဆိုတာက.... နေရင်းထိုင်ရင်း ရှောင်းကျန့် ဝမ်ကျန့်အစား ကျောချမ်းလာတယ်။

'ဟဲ့.... ဘာလည်း တဟိ ဟိ နဲ့ မီးယပ်ချမ်း ထ နေတာလား...'

'ဖွီးးးး မျက်ပြူးကျိုးချန် နင့်ကျီးတော်ပဲ မီးယပ်ချမ်း ထ ပါလား... စကားပြောမလို့ အရှိန်ယူနေတာ....'

'မသိဘူးလေ ..... ငါ့ကျီးတော်လည်း မီးယပ်ချမ်း ထ ရင် တဟိ ဟိ နဲ့ မို့လေ....'

The Promise  ( Completed )Where stories live. Discover now