Ep - 16

552 49 0
                                    

ရှီးချန် ရီလင်းကနေ ခရီးထွက်လာပြီး ကူးစူးကို ည မှောင်ရီသရော အချိန်တွင် ရောက်လာခဲ့တယ်။

လန်ဦးလေးကို သူ ရောက်ပြီ ဖြစ်ကြောင်း ဝင်ရောက် အသိပေး ဂါရဝ ပြုလိုက်ပြီး သူ့ နားနေဆောင်ကိုပဲ ပြန်လာလိုက်တယ်။

မနက်ဖြန် လူစုံတက်စုံ ရှိတော့မှ အကျိုးကြောင်း ပြောရတာပေါ့။
~~~~~~~~~~
မနက်ရောက်သော် ......

လန် ဂိုဏ်းချုပ် အဆောင်ထဲတွင် လူ စုံနေပါတယ်။ လန်ရှီးချန် ဝမ့်ကျီးနဲ့ ဝေ့ရင်း အကြောင်းက လွှဲပြီး ကျန်တာ အကုန် ပြောပြလိုက်တယ်။

' ဒါဆို မိစ္ဆာ နတ်ဆေး သမားတော်က ငါတို့ ကမ်းလှမ်းချက်ကို လက်ခံတယ်ပေါ့။'

' ဟုတ်ကဲ့ တကယ်လို့ ကျနော်တို့ ဘက်က အစီစဉ် စ ရင် အကြောင်းကြားဖို့ ပြောထားပါတယ်။'

'အင်း ကောင်းတယ်။ တော်သေးတာပေါ့ လက်ခံလို့။ ငါတို့က စိုးရိမ်နေတာ။'

' ဒါဆို အခု အဲ့မှာ ဝေ့ရင်းက ဒဏ်ရာ ရလို့ လန်ဒုသခင်လေးက စောင့်ကြည့်ပေးနေခဲ့တာပေါ့။'

ရှီးချန် ကျန်း ဂိုဏ်းချုပ် အမေးကြောင့် နည်းနည်းတော့ နေရခက်သွားရတယ်။ သူက တစ်ခါမှ လိမ်ညာပြီး မပြောဖူးဘူးမလား။ ဒါပေမယ့် ဝေ့ရင်း ဒဏ်ရာ ရတာတော့ မှန်တာပဲလေ အတွင်းဒဏ်ရာ လည်း ဒဏ်ရာပဲမလား။

' ဟုတ်ကဲ့.... ဒါပေမယ့် ကျနော် ဒီကို ပြန်လာတော့ ဝေ့ရင်းက သက်သာနေပါပြီ။ သမားတော်က အားပြန်ပြည့်အောင် ခန အနားယူပါအုံးဆိုလို့ သူ ကူးစူးကို မလိုက်ခဲ့တာ။'

'အင်း ... ထားပါ ဘယ်လိုဖြစ်ဖြစ် ဝမ်းဂိုဏ်းက ထွက်လာနိုင်ရင်ပဲ စိတ်အေးရပြီ။ ဒါဆို ကျနော့်ကို ပြန်ခွင့်ပြုပါအုံး။ အစီစဉ်ကတော့ ကျနော် နောက်တစ်ခါ လာမှ စီစဉ်ကြတာပေါ့။'

' ဟုတ်ပြီ။ လမ်းခရီး အဆင်ပြေပါစေ ကျန်း ညီလေး...'

'ဟုတ်ကဲ့ စိတ်ပူစေမိပါပြီ။'

ရှီးချန် ထွက်သွားတဲ့ ကျန်း ဂိုဏ်းချုပ် နောက်ကို လိုက်သွားလိုက်တယ်။ ဒီလို ကိစ္စမျိုးကို အဖေ ဖြစ်သူ အသိပေးရမှာ မျက်နှာပူပေမယ့် ဖုံးကွယ်ထားလို့ ကောင်းတဲ့ ကိစ္စလည်း မဟုတ်ဘူးမလား။

The Promise  ( Completed )Where stories live. Discover now