Ep - 13

615 56 0
                                    

ကူးစူးလန် ဂိုဏ်းတွင်........

လန်ချီရန် တစ်ယောက် ကလေးတွေကို စာသင်ပြီး သူ့အဆောင်ခန်းမှာ အနားယူနေတုန်း သူ့တူ အကြီး ဖြစ်တဲ့ လန်ရှီးချန်က တွေ့ခွင့်တောင်းလာပါတယ်။

လန်ချီရန် ဝင်ခွင့်ပေးလိုက်တော့ ရှီးချန် ရဲ့ အနောက်က လိုက်လာတဲ့ လူ နှစ်ယောက်ကိုပါ မြင်ရပါတယ်။

'ဂိုဏ်းချုပ် လန် ကို ဂါရဝ ပြုပါတယ်။'

'ရတယ် ရတယ် သက်သာသလို နေပါ။ ဒါနဲ့ ကျန်းဂိုဏ်းချုပ်က ရောက်လာတာ မြန်သားပဲ။'

'ဟုတ်ကဲ့ ဒီတစ်ခေါက် ဝမ်းဂိုဏ်းရဲ့ လုပ်ရပ်က အချိန်ဆွဲပြီး ထားလို့ မကောင်းလို့ အကိုကြီးဆီက ပြန်စာရတာနဲ့ လာခဲ့လိုက်တာပါ။'

လန်ချီရန် နဲ့ လန်ရှီးချန် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လိုက်ကြတယ်။ ဝမ့်ကျီး ဆီက အရေးပေါ် အခြေနေနဲ့ ရောက်လာတဲ့ စာ အကြောင်း ဘယ်လိုပြောပြရမလဲ ဆိုပြီးတော့။

'အင်း ငါတို့ ကူးစူးကလည်း ဒီတစ်ခေါက် ကိစ္စရဲ့ နောက်ကွယ်မှာ မရိုးရှင်းတာ တွေးမိပါတယ်။ ဒါပေမယ့် တစ်ခြားဂိုဏ်းတွေက ဝမ်းဂိုဏ်းကို ကြောက်ပြီး ငါတို့နဲ့ မပူးပေါင်းတာက ပြဿနာပဲ'

'အဲ့ဒါကြောင့် ကျနော် စဉ်းစားမိတာကို ပြောပြချင်ပါတယ်။ ဒီလိုပါ ဝမ်းဂိုဏ်းကို မထောက်ခံတာ ကျနော်တို့ ဂိုဏ်းပဲ မဟုတ်ပါဘူး။ သူတို့လိုပဲ မိစ္ဆာလမ်း ကျင့်ကြံတဲ့ ဂိုဏ်း ရှိပါတယ်။'

'ဘယ်လို ကျန်း ညီလေး ပြောချင်တာက ငါတို့က မိစ္ဆာလမ်းစဉ် လိုက်တဲ့ ဂိုဏ်းနဲ့ ပူးပေါင်း ရမှာလား။'

'သူတို့က မိစ္ဆာလမ်းစဉ် လိုက်နေပေမယ့် ဝမ်းဂိုဏ်းလို လူတွေကို အကြောင်းရင်း မရှိ မသတ်ဖြတ်ပါဘူး။ ပြီးတော့ သူတို့က သမားတော် အလုပ်နဲ့ပဲ အသက်မွေးဝမ်းကျောင်း ပြုတာ များပါတယ်။ အဲ့ဒါကြောင့် ဝမ်းဂိုဏ်းက မိစ္ဆာ ဖြစ်ပြီး လူကယ်တဲ့ အလုပ် လုပ်တဲ့ သူတို့ဂိုဏ်းကို သူ့လက်အောက် ဖြစ်အောင် တိုက်ခိုက်ခဲ့ဖူးတယ်။'

'ဟုတ်ပါတယ် ဦးလေး ကျနော်လည်း အဲ့မိစ္ဆာဂိုဏ်းကိုတော့ ကြားဖူးတယ်။ သူတို့က မိစ္ဆာသာ ပြောတာ အဖြူရောင်ပဲ ဝတ်ကြတာ။ပြီးတော့ သူတို့ ဆေးကုပေးတဲ့ လူတွေက သူတို့ကို နတ်ဆေးသမားတော် လို့တောင် ခေါ်ကြတာတဲ့'

The Promise  ( Completed )Where stories live. Discover now