Ep - 8

1K 61 0
                                    

Full credit for cover photo

ကျန်းချန် စိတ်ကောက်ယောင်ဆောင် နေတဲ့ ဝေ့ရင်းကို မချော့အားပဲ ခုန ဝေ့ရင်းနဲ့ ပြဿနာ ဖြစ်နေတဲ့ သခင်လေးကိုပဲ အားနာကြောင်း တောင်းပန်ရတော့သည်။

'ဟို ဒီက သခင်လေး ကျနော့် ညီအကို ကြောင့် စိတ်အနှောင့်ယှက် ဖြစ်သွားရင် တောင်းပန်ပါတယ်။'

'ရတယ်။......'

ဝေ့ရင်း ကျန်းချန်ကတောင် ရိုကျိုးပြီး တောင်းပန်နေတာတောင် စကားတစ်ခွန်းကို ရွှေထက် တန်ဖိုးကြီးပြနေတဲ့ အဲ့လူကို ကြည့်မရချင်တော့ပါ။ သူ့ကိုယ်သူ ချောတယ် ဆိုပြီး မာန်တက်နေရအောင်လည်း ငါ ယုန်သွား တစ်ချက်ပြပြီး ပြုံးပြတာလောက်တောင် လူ စိတ်ဝင်စား မခံမယ့်ရုပ်နဲ့ .... ဟွန့် ...။

'ကဲ ... ကျန်းချန် ဘာမဟုတ်တာလေးနဲ့ အဲ့လောက်တောင်းပန် မနေနဲ့.... ယုန် မျက်နှာဖုံးနဲ့ ခြောက်တာလောက်နဲ့ လန့်မသေတတ်ဘူး... ဟုတ်တယ်မလား အဲ့ဘက်က သခင်လေး ဆိုတဲ့ တစ်ယောက်...'

လန်ကျန့် သူ့ကိုလည်း အရင် ပြဿနာ ရှာသေးတယ်။ အခုလည်း သူ့သူငယ်ချင်းက အလိုက်သတိနဲ့ တောင်းပန်တာကို မကျေနပ်သလိုနဲ့ လူကို မျက်စောင်းထိုးနေတယ်။ လန်ကျန့် ဒီလူနဲ့ ခုမှ တွေ့တာကို ပြုံးလိုက်ရ စိတ်ထဲမရိုးမယွ ဖြစ်လာရနဲ့ လက်ထဲက ကိုင်ထားတဲ့ ပိချန်ကိုပဲ ခပ်တင်းတင်း ဖိဆုပ်ကိုင်ထားလိုက်တယ်။

ဝမ်နင် ဒီနေ့ သူမှ ကြားဝင်မပြောရင် သူတို့ နားမယ့်နေရာ ရောက်မှာ မဟုတ်တော့ဘူးဆိုတာ သိလိုက်တယ်။

'ဟို.... ဒီလိုလုပ်ကြပါလား ဒီဘက်က သခင်လေးတို့ နှစ်ယောက် ကျနော်တို့ တည်းမယ့်နေရာကို လိုက်ခဲ့ပါလား။'

ဝေ့ရင်း အသားဖြူဆွတ်နေပြီး မျက်လုံးအနည်းငယ် ပြူးချင်နေတဲ့ တစ်ယောက် ဝင်ပြောလာမှ မျက်မှောင်ပိုကြုံ့သွားလိုက်တယ်။

'ငါတို့က ဘာလို့ လိုက်ရမှာလဲ ဘာလဲ ငါတို့ပုံစံက ပိုက်ဆံ မရှိတဲ့ပုံ ပေါက်နေလို့လား....'

ဝမ်နင် သူ အဲ့သဘောနဲ့ ပြောချင်တာ မဟုတ်တာကို ဘယ်လိုရှင်းပြရမှန်း မသိပဲ ခေါင်းပဲကုပ်နေလိုက်တယ်။

The Promise  ( Completed )Where stories live. Discover now