Ep - 2

1.6K 114 0
                                    

' ကျနော့် နာမည် ဝမ်ဝမ်ကျန့် ပါ.....'

ခွိ.... ရှောင်းကျန့် ထမင်းခိုးစားနေတုန်း ဘေးက နှစ်ကောင်အသံကြားတော့ ခေါင်းမော့ကြည့်လိုက်တယ်။ ဘာဖြစ်တာလဲ ဆိုတဲ့ ပုံစံနဲ့....

'ဘယ်သူ ရယ် လိုက်တာလဲ.... ထပ်ပြီး မင်းပဲလား ရှောင်းကျန့်....'

Wait What .... Why you always see only me? Why!!!!

'ဘာလဲ ဆရာရဲ့ သား ဘာမှ မလုပ်ရသေးဘူး....'

'ဒီကျောင်းသားသစ် သူ့နာမည် မိတ်ဆက်တာကို မင်း ရယ် လိုက်တာ မလား...'

'ဟာ.... ပေါက်ကရ သား ကြားတောင် မကြားလိုက်ဘူး... ပြန်ပြောပါအုံး ဘာတဲ့လဲ နာမည်က....'

ရှောင်းကျန့် ခုမှ ကျောင်းသားသစ်ဆိုတဲ့ကောင်ကို ကြည့်မိတယ်.... အင်း မဆိုးပါဘူး သူ့လောက်မချောပေမယ့်ပေါ့.... အသားဖြူဖြူ အရပ်က သူ့နားရွက်အောက်လောက်နဲ့ မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ရှောင်းကျန့် ကြည့်နေတုန်း သူ့ကို ရယ် ပြလာတာကြောင့် ယောင်ပြီး ပြန်ရယ်ပြလိုက်တယ်။

'ဟုတ်ကဲ့ ... ကျနော့်နာမည် ဝမ်ဝမ်ကျန့် ပါ...'

ခွိ... ရှောင်းကျန့် အသံမထွက်ခင် ပါးစပ်ကိုအလျင်မြန် အုပ်လိုက်ရတယ်.... ဘာတုန်း ဝမ်ဝမ်ကျန့် တဲ့ သူ့ကိုယ်သူ မူကြိုလာတက်နေတယ်များ ထင်နေလား မသိဘူး....

'ကဲ သား သွား ဟိုအနောက်က ၃ ကောင်နား သွားထိုင် သားကို စ ရင် ဆရာ့ကို လာတိုင် သိလား....'

ရှောင်းကျန့် တို့ ၃ ယောက် သူတို့ခုံနား လျှောက်လာနေတဲ့ ကောင်လေးကြောင့် မျက်နှာပိုး သတ်လိုက်ကြတယ်။

'ဟို ကျနော် ဒီမှာ ထိုင်မယ်နော်.....'

ပြုံးပြီး အရမ်းရိုကျိုးနေတဲ့ ကောင်လေးကြောင့် ရှောင်းကျန့်တို့ နင်ပြီလေ.... ငါတို့ကို ဘီလူးဇာတ် သွင်းနေတာလားဟ။

ဖြန်း ဖြန်း ဖြန်း .... ဒါ ကျနော်တို့ အခန်းတစ်ခန်းတည်းမှာ သုံးတဲ့ ဆရာလန်ချီရန်ရဲ့ ကြိမ်တုတ် ခုံနဲ့ ရိုက်တဲ့ အသံပေါ့....

'ကဲ.... တိတ်ကြဇမ်း... စာ ဆက်သင်မယ်...'

'ဟာ.....' တခန်းလုံးရဲ့ အသံ

The Promise  ( Completed )Where stories live. Discover now