Ep - 35

594 53 0
                                    

' မမ ... ကျနော်တို့ စာမေးပွဲ ပြီးမှ အတူ ပြန်ပါလား။'

' မရဘူးလေ... ရွာမှာ နေမကောင်းတဲ့ လူနာတွေ ရှိရင် ယွင်ရှင်း တစ်ယောက်တည်း မဖြစ်ဘူး။'

' ဟင့် .... မနေ့ကမှ လာတာကို။ မနက်ဖြန် ပြန်မယ်တဲ့။'

' ကဲ ... ကလေးလုပ်မနေနဲ့တော့။ စာမေးပွဲပြီးရင် လာရမှာပဲလေ။ အခု စာ ကြည့်နေတာမလား။ ကြည့် ... ကြည့် မမလည်း သွားနားတော့မယ်။'

' ဒေါက် .... ဒေါက် .....'

ထိုစဉ် ... တံခါး ခေါက်သံ ကြားရတယ်။

' မမ ... ခန ။ မား... လား မသိဘူး။'

' ဟင် ... အန်တီ ယွမ်။ ဘာကိစ္စ ရှိလို့လဲ။ လက်ထဲကရော ဘာလဲ....'

ရှောင်းကျန့် တံခါး သွားဖွင့်တော့ မား မဟုတ်ပဲ အန်တီ ယွမ် ဖြစ်နေတာ တွေ့လိုက်ရတယ်။ လက်ထဲကလည်း တစ်ခုခု ကိုင်ထားတယ်။

' ရော့ ... ဒီမှာ သား ကျန့်ကျန့် အတွက်တဲ့။ ခြံရှေ့မှာ လာပေးသွားတာ။'

ရှောင်းကျန့် သူ့လက်ထဲ ရောက်လာတဲ့ အထုပ်ကို ကြည့်လိုက်တော့ ထုံးစံအတိုင်း ပုံစံ နဲ့ အရောင်တောင် မပြောင်းတဲ့ Green Tea ဗူး။

' ဟုတ် ... ကျေးဇူးပဲ အန်တီ ယွမ်။'

ရှောင်းကျန့် တံခါး ပြန်ပိတ် မလို လုပ်တော့ အန်တီ ယွမ် ဆီက အသံ ထပ်ထွက်လာတယ်။

' အဲ့ကောင်လေးက ခြံရှေ့မှာပဲ ရှိနေသေးတယ်။'

ရှောင်းကျန့် တံခါး အမြန်ပိတ်ပြီး ပြတင်းပေါက် ဆီ အပြေးသွားလိုက်တယ်။

ကားကို မှီရပ်ထားပြီး သူ့ အခန်းကို ကြည့်နေတဲ့ ဟိုလူ ကို တွေ့လိုက်ရတယ်။

' ကလေး ဘာကြည့်တာလဲ။'

လန်ဟွား အခန်းတံခါး ပိတ်ပြီး ပြတင်းပေါက်နား အပြေးသွားကြည့်တဲ့ ကလေးလေး ကြောင့် သူပါ ထ လာကြည့်လိုက်တယ်။

' ဟင် .... ဝမ်ရိပေါ်လား!!! ဒီချိန်ကြီး ဘာလာလုပ်တာလဲ ....'

လန်ဟွား ခုထိ ခြံအပြင်ကို ကြည့်နေသေးတဲ့ ကလေးလေးနဲ့ ကလေးလေးရဲ့ လက်ထဲက အိတ်ကို မြင်သွားတယ်။ လန်ဟွား ဆွဲယူလိုက်ပြီး....

The Promise  ( Completed )Where stories live. Discover now