Ep - 36

576 52 0
                                    

' အားးးးး ခုမှပဲ ခေါင်းပေါ်မှာ လေးနေတဲ့ စာမေးပွဲကြီး ပြုတ်သွားတော့တယ်။'

' ဟုတ်ပါ့။ လ ပတ် ပဲတောင် ခေါင်းတွေ ပူတာ ဆံပင်မွှေးတောင် အကုန် ကျွတ်သွားသလား အောက်မေ့တယ်။'

ဝမ်ကျန့် ခိုသေလို့ ဝင်စားသလို ညည်းနေတဲ့ ကျိုးချန်နဲ့ ယွီပင်းနားမှာ မထိုင်ပဲ မျက်နှာ စူပုပ်နေတဲ့ ကျန့်ကျန့် နား သွားထိုင်လိုက်တယ်။

' ကျန့်ကျန့် ဘာဖြစ်တာလဲ... အရင်နေ့တွေတုန်းကလည်း မျက်နှာမကောင်းဘူး။ စာမေးပွဲ မဖြေနိုင်လို့လား။'

ရှောင်းကျန့် ဝမ်ကျန့် မေးမှ သူ့လက်ထဲက အိတ်ထဲ မထည့်ရသေးတဲ့ ဘောပဲန်ကို တင်းတင်းဆုပ်ပစ်လိုက်တယ်။

ဘာလဲ .... လူကို ရင်ခုန်အောင် လုပ်ပြီးမှ ခုကျ ပျောက်သွားလိုက်တာ စာမေးပွဲ စ ဖြေတဲ့နေ့ကတည်းက။ ခင်ဗျား က အခွင့်ရေး ပေးလို့ မရတဲ့ လူစားပဲ။

' ဘာမှ မဟုတ်ဘူး။ ရော့ .... ဒီ ဘောပဲန် ယူသွားလိုက်။'

' ဟာ .... ငါ့ကိုပေး ...'

ကျိုးချန် စာမေးပွဲ စ ဖြေတဲ့ နေ့ကတည်းက ကျန့်ကျန့် ကိုင်နေတဲ့ ဘောပဲန်ကို မျက်စိကျနေတာပဲ ဖြစ်တယ်။

အခု ကျန့်ကျန့် အဲ့ဘောပဲန်ကို ဝမ်ကျန့်ကို ပေးနေတာ မြင်တော့ အမြန် လု ယူလိုက်တယ်။

' ကျိုးချန် ပြန်ပေး.... နင် လိုချင်ရင် အသစ်ဝယ်ပေးမယ်။ အဲ့ဒါက သူ့ပိုင်ရှင်ကို ပြန်ပေးရမှာ...'

' ပိုင်ရှင်က ဝမ်ကျန့်လား.... ဒါဆို ဝမ်ကျန့် ငါ့ကို ပေးလိုက်တယ်။'

ဝမ်ကျန့် ခုန ကျန့်ကျန့် သူ့ကို ပေးလိုက်တဲ့ ဘောပဲန်ကို ကျိုးချန်က ဖြတ် လုသွားတာကြောင့် သေချာတောင် မကြည့်လိုက်သေးပါ။

' ကျိုးချန် ... ပြန်ပေးလို့။ အဲ့ဒါ ဝမ်ကျန့်ဟာလည်း မဟုတ်ဘူး။'

' ဒါဆို ဘယ်သူ့ဟာမှ မဟုတ်ရင် ငါက ပိုတောင် ယူလို့ ရတယ်လေ။'

' ဝမ်ကျိုးချန် !!!!!!.'

' ဟာ .... ကျန့်ကျန့် ဘာလို့ အော် နေတာလဲ။ ရော့ ... ရော့ ... ပြန်ယူ ဘောပဲန်လေး တစ်ချောင်းကို ဖြစ်ပျက်နေတယ်။'

The Promise  ( Completed )Where stories live. Discover now