Ep - 18

481 44 0
                                    

ကျန်းဖုန်းမြင့် ရီလင်းကနေ ခရီးထွက်လာပြီ ယွင်မုန့်ရောက်တော့ ကြာပန်းစံအိမ် မပြန်ခင် ကျန်းသခင်မ ကြိုက်တဲ့ ပန်းမျိုးစိတ် ဝယ်သွားဖို့ သတိရသွားတယ်။

' ဆိုင်ရှင် ဒီပန်းမျိုးစိတ် ဘယ်လောက်လဲ....'

' ငွေစ ၅ စ ပါ.... ဒီမျိုးစိတ်က ဒီတစ်ခေါက် ယူလာသလောက် ခနလေးနဲ့ ကုန်သွားတာ။ ဒီက နောင်ကြီး အတွက်ပဲ ကျန်တော့တာ....'

ကျန်းဖုန်းမြင့် စျေးရောင်းတဲ့ လူတိုင်း ပြောနေကျ စကားကြောင့် ပြုံးပဲ ပြုံးနေလိုက်ပြီး ငွေစ ၅ စ ထုတ်ပေးလိုက်တယ်။

ကျန်းဖုန်းမြင့် စံအိမ် ပြန်တဲ့ လမ်းမှာ ဝမ်းဂိုဏ်းသားတွေကို တွေ့လိုက်ရတာကြောင့် အိမ်တွေ ကြားထဲ ရှောင်နေလိုက်တယ်။ ခုချိန်မှာ ထိပ်တိုက် မတွေ့ချင်သေးဘူး။

ဝမ်းဂိုဏ်းသားတွေ အကုန် ကျော်သွားတော့မှ ကျန်းဖုန်းမြင့် စံအိမ်ကို အမြန်ပြန်လိုက်တယ်။

စံအိမ်ရောက်တော့ တိတ်ဆိတ်နေတာကြောင့် ကျန်း သခင်မ ဝေ့ရင်း မရှိလည်း ကြာပန်းသွားခူးနေတုန်းပဲလားလို့ တွေးလိုက်တယ်။

ကျန်းဖုန်းမြင့် စံအိမ် တံခါးကို တွန်းဖွင့်ပြီး မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် လက်ထဲက ကိုင်လာတဲ့ အထုပ်လေး လွှတ်ကျသွားရတယ်။

စံအိမ်ထဲမှာ နေရာတိုင်း ပြန့်ကျဲပြီး အသက်မရှိတော့တဲ့ သူ့ မိသားစု၊ သူ့ ဂိုဏ်းသားတွေ။

ကျန်းဖုန်းမြင့် လူ အများထဲမှာ ကျန်း သခင်မကို လိုက်ရှာလိုက်တယ်။

တွေ့ပါပြီ... စံအိမ်ရဲ့ ဧည့်သည်ဆောင် ရှေ့မှာ မျက်လုံးတောင် မပိတ်နိုင်ရှာပဲ လဲကျနေတဲ့ ကျန်းသခင်မ။ ကျန်းဖုန်းမြင့် လဲကျနေတဲ့ ကျန်းသခင်မ နားမှာ ဒူးထောက်ချလိုက်ပြီး ကျန်းသခင်မရဲ့ ကိုယ်ကို သူ့ပေါင်ပေါ် ပွေ့တင်လိုက်တယ်။

' မင်းရဲ့ သားကို စိတ်မချလို့ မျက်လုံးတောင် မပိတ်နိုင်ခဲ့တာလားကွာ.... မင်းရဲ့ သား နဲ့ မြေးကို ငါ ဘယ်လို ပြောပြရမလဲ။ မင်း ဘာလို့ ငါ လာတဲ့ထိ တောင့်မခံထားရတာလဲ။ အားးးးးး'

The Promise  ( Completed )Where stories live. Discover now