Ep - 37

597 51 0
                                    

'အင်းးးး!!!!!!'

ရှောင်းကျန့် နိုးလာတော့ တစ်ခန်းလုံး လင်းထိန်နေတာကြောင့် မျက်လုံးတွေ ပြန်မှိတ်ပစ်လိုက်ရတယ်။

နေအုံး!!!! မနေ့က ညနေမှာ ဟိုလူ သူ့ကို လာတွေ့တာကို သူ စောင့်ခိုင်းထားပြီး အိပ်ပျော်သွားတာလား။

' အားးးး ..... အခု ဘယ်အချိန် ရှိနေပြီလဲ။ ဟိုလူ ပြန်သွားပါစေ။ အခန်းမီး မပိတ်လို့ ဆိုပြီး စောင့် မနေပါနဲ့။'

ရှောင်းကျန့် ကုတင်ပေါ်က အမြန်ဆင်းလိုက်ပြီး အခန်းမီး အရင်သွားပိတ်လိုက်ပြီး ပြတင်းပေါက်နားကို သွားကြည့်လိုက်တယ်။

' ဟင် !!!!! သူ မပြန်ဘူးလား။'

ရှောင်းကျန့် ဟိုလူရဲ့ကားကို ရပ်နေကျ နေရာမှာ တွေ့တာနဲ့ မျက်နှာ မသစ်ရသေးတာကိုလည်း သတိမထားမိတော့ပဲ ပြေးဆင်းလာလိုက်တယ်။

' ရူး နေလို့ မပြန်တာလား။ ငါကလည်း ဘာလို့ တရေးမှ မနိုးပဲ အိပ်ပျော်သွားရတာလဲ....'

' ဟင် !!!!!.... သား။ ဪ .... ဒီကလေး မနေ့ညကလည်း ညစာ မစားလိုက်ရပဲ အိပ်ပျော်သွားတယ်။ အခုလည်း အူယားဖားယား နဲ့ ဘယ်သွားပြန်ပြီလဲ မသိဘူး။'

ရှောင်မား သူ ခေါ်တာကိုလည်း မကြား၊ ပါးစပ်က ပွစိ ပွစိ နဲ့ ဘာတွေ ပြောနေမှန်း မသိပဲ အိမ်ရှေ့ကို ပြေးထွက်သွားတဲ့ သားကြောင့် ထမင်းစားခန်းထဲပဲ လာခဲ့လိုက်တော့တယ်။

ရှောင်းကျန့် ခြံပြင်ထွက်တာနဲ့ ဟိုလူရဲ့ ကား ဆီ အပြေးသွားလိုက်တယ်။

' ဒေါက် .... ဒေါက် .....'

ရိပေါ် မနေ့က သူ့ကို ဧည့်ခန်းမှာ စောင့်ခိုင်းထားပြီး ၁ နာရီ ၂ နာရီထိ စောင့်တာတောင် ဆင်း မလာတာကြောင့် သူ့ကို ကောင်လေး စိတ်ဆိုးနေပြီဆိုတာ သိလိုက်တယ်။

သူလည်း ကောင်လေး အမေ ပြန်လာရင် စကားတွေ ရှည်နေရမှာ စိုးတာကြောင့် ကောင်လေး ဆင်းမလာတဲ့ အဆုံး အရင်လို ကောင်လေးရဲ့ အခန်းကို ငေးနေဖို့ပဲ တွေးလိုက်ပြီး အိမ်ကနေ ပြန်ထွက်လာခဲ့လိုက်တယ်။

ရိပေါ် မနေ့ည တော်တော် ဒုက္ခရောက်ရပါတယ်။ တစ်ညလုံး ကောင်လေးရဲ့ အခန်း မီးက မပိတ်တာကြောင့် ဘယ်တော့များ လိုက်ကာစ တလွန့် လွန့် ဖြစ်သွားမလဲ ဆိုပြီး စောင့်ကြည့်နေခဲ့တာ။

The Promise  ( Completed )Where stories live. Discover now