Ep - 5

975 90 0
                                    

ရှောင်းကျန့် ဝမ်ကျန့်ကို လိုက်ပို့ပြီး ပြန်လာတော့ အဲ့အိမ်ကနေ တစ်ခုခု ကျန်ခဲ့သလိုမျိုး ခံစားလာပြီး ရင်ဘတ်တွေပါ အောင့်ချင်လာတယ်။
'ငါ အစားများပြီး နေလို့ မကောင်းချင်လာတာများလား...... တော်ပြီ နောက်ဆို အစားလျော့စားတော့မယ်။'
ရှောင်းကျန့် အိမ်ပြန်ရောက်တော့ ဧည့်ခန်းထဲမှာ သူ့ စိန်တွေနဲ့ အလုပ်ရှုပ်နေတဲ့ မားကို တွေ့လိုက်ရတယ်။

'မား သား ပြန်ရောက်ပြီ.....'

'အင်း သား .... လာပါအုံး..... မား ဆီကို...'

ရှောင်းကျန့် လက်နှစ်ဖက် ဖွင့်ထားတဲ့ မားရဲ့ ရင်ခွင်ထဲ ဝင်ခွေလိုက်တယ်။ ရှောင်းကျန့် ဆိုတာ အချွဲလေး မာမားဘွိုင်း အင်းပေါ့ ရှောင်းကျန့် လူမမည် အရွယ်လေးမှာ ပါး က သူတို့ သားအမိကို စိတ်ချထားသွားခဲ့တာလေ။

'မွ...မွ.... အမ် ... မား ဘာလို့ ဒီနေ့ မားရဲ့ပါးက မမွေးတာလဲ ရေမချိုးဘူးလား ဖွားကြီး....'

'ဒီကလေး.... ဘာ ဖွားကြီးလဲ မားက ခုမှ အရွယ်ကောင်းတုန်း ချောတုန်း လှတုန်းပါနော်...'

'ဟွန့်.... အဲ့ဒါ သားက ချောနေလို့ပါနော်...'

'အမလေးတော်.... အမေချောလို့ ကလေးက မိဘဆီက အမွေရလို့ ချောတယ်လို့ပဲ ကြားဖူးတာပါ'

'ဟုတ်ဘူး သားရဲ့ လော့ဂျစ်က သား ချောလို့ မားက ချောတာ ဟီးးးးး'

'အမလေး အတတ်လေးးးး အခုကော ဘာလို့ နောက်ကျတာလဲ ခါတိုင်း သားတို့ ကျောင်းလွတ်ချိန် စောပါတယ်။'

'ဟုတ် အဲ့ဒါ ဒီနေ့ သားရဲ့သူငယ်ချင်းကို သူ့အိမ် လိုက်ပို့နေလို့။ သူတို့အိမ်က မြို့ပြင်ဆိုတော့ အခုလို နောက်ကျတာပဲ....'

'ဟုတ်ပါပြီ မားလည်း ခုနမှ ဆိုင်က ပြန်ရောက်ပြီး ရေချိုးပြီးလို့ ပစ္စည်းတွေ လာစစ်ကြည့်နေတာ။ မနက်ဖြန် ဆိုင်ကို ဖောက်သည်လာမှာမို့ သူတို့အကြိုက်တွေ ရွေးနေတာ။'

' မားရယ် အဲ့လောက်လည်း လုပ်စရာ မလိုပါဘူး ဆိုင်မှာလည်း လူတွေ ရှိတာပဲဟာ သိပ်အပင်ပန်း မခံပါနဲ့....'

'ဪ... သားကလည်း ဆိုင်က လူတွေ ရှိတာက ရှိတာပေါ့။ အခုက မားရဲ့ ဆိုင် အမြဲအားပေးတဲ့ လူရင်းတွေမို့လို့ မားက သူတို့အကြိုက်တွေလည်း သိပြီးသားဆိုတော့ မား ကိုယ်တိုင်ရွေးနေတာ ဘာမှပင်ပန်းတာမှ မဟုတ်တာ။ မားရဲ့ ကလေးလေးက စိတ်ပူနေတာလား'

The Promise  ( Completed )Where stories live. Discover now