Ep - 24

573 49 0
                                    

' ဖြန်း ........'

ရှောင်းကျန့် သူ့ကို ဟိုလူ လူတွေကြားထဲ မဖွယ်မရာ ပြုမူလိုက်တာကြောင့် ရှက်တာ ရော ခုလို လုပ်မယ် မထင်ထားတာကြောင့် ရော ဟိုလူရဲ့ ပါးကို ရိုက်ပစ်လိုက်တယ်။

ရိပေါ် ရှောင်းကျန့် သူ့ကို ရိုက်လိုက်မယ် မထင်တာကြောင့် ရုတ်တရက် ကြောင်သွားတယ်။ ပြီးမှ ဘေးက ဟာ ဟင် ဆိုတဲ့ အသံကြားမှ အသိဝင်လာတယ်။

' မင်း ငါ့ကို ရိုက်တယ် .....'

' ခင်ဗျား ဘာလို့ ရိုင်းစိုင်းတဲ့ အပြုမူတွေ အရင် လာလုပ်တာလဲ .....'

' မင်း .... လိုက်ခဲ့ ......'

ရိပေါ် ဒေါသ ထွက်လို့ မျက်နှာတွေ နီတက်လာတယ်။ သူ့ပါးကို ရိုက်ဖို့ မပြောနဲ့ ခုလို မျက်လုံးချင်းတောင် သူ့ကို ဘယ်သူမှ စိုက်ကြည့်ရဲတာမဟုတ်ဘူး။

'အ ..... ခင်ဗျား ကျနော့်ကို ဘယ်ခေါ်သွားမလို့လဲ ... လွှတ် ... လက်ကို လွှတ် ....'

ရှောင်းကျန့် သူ့ကို ဒေါသတကြီးနဲ့ ဆွဲခေါ်သွားတဲ့ ဟိုလူကြောင့် ရုန်းရင်းနဲ့ပဲ တရွတ်တိုက် ပါသွားရတယ်။

ကျိုးချန် နဲ့ ယွီပင်းလည်း ကိစ္စ အားလုံးက ရုတ်တရက် ဖြစ်သွားတာကြောင့် ကြောင်ပြီး ကြည့်နေတုန်း ကျန့်ကျန့်ကို ဟိုဘိုးတော် ဆွဲခေါ်သွားတာ မြင်လိုက်တယ်။

' ဟိတ် လူ ကျန့်ကျန့် ကို ဘယ်ခေါ်သွားတာလဲ .....'

ကျိုးချန် ပြောလည်း ပြော နောက်ကနေ ပြေးလိုက်သွားလိုက်တယ်။ နောက်မှာ လှည့်ကြည့်တော့ ယွီပင်းက လိုက်မလာပဲ ခုထိ ကြောင်ပြီး ရပ်ကြည့်နေတုန်း။

' ဟျောင့် ယွီပင်း လိုက်ခဲ့လေ ဘာလို့ ရပ်ကြည့်နေတာလဲ ...'

ယွီပင်းလည်း ကျိုးချန် ပြောမှ သတိဝင်လာပြီး ကျိုးချန် ဆီ ပြေးသွားလိုက်တယ်။

ကျိုးချန် နဲ့ ယွီပင်း ကျောင်းဝင်းထဲ ပြေးသွားပြီး ရှာပေမယ့် အရိပ်ယောင်တောင် မမြင်ရတော့ပါ။

ထိုစဉ် ကျောင်း ကားပါကင်မှာ ဝမ်ကျန့် ဆိုတဲ့ ကောင်ကို တွေ့လိုက်တယ်။
~~~~~~~~~

ဝမ်ကျန့် ကျန့်ကျန့်ကို ဒက်ဒီ ခေါ်သွားကတည်းက ကြိတ်ပြီး ပျော်နေတာ။ ဒက်ဒီ့ကို ဒေါသ ထွက်အောင် လုပ်ပြီး ခုထိ အသက်ရှင်နေတာ ကျန့်ကျန့် တစ်ယောက်ပဲ ရှိတယ်။

The Promise  ( Completed )Where stories live. Discover now