Chapter - 15 (Part 4)

455 90 3
                                    

Unicode

ငါက ​ကျောင်းကုန်းဇီကို ခိုးယူထားပြီးပြီ။ ဒါကြောင့် ငါ သူ့ကို နှုတ်မဆက်ဘဲနဲ့ စွန့်လွှတ်မ​ပေးနိုင်သလိုဖြစ်နေတယ်။ ငါဟာ ဖရိုဖရဲဖြစ်နေတဲ့ ဒီကမ္ဘာမှာ မျောပါ​​နေတဲ့ ​ပေါင်းပင်တစ်ပင်သာဖြစ်ပြီး ကျောင်းမိသားစုရဲ့ ကျေးဇူး​ကြောင့် ရှင်သန်​နေရတာဖြစ်တယ်။ ​ကျောင်းကုန်းဇီရဲ့ အနာဂတ်ကောင်းကျိုးအတွက် ငါ ဒါကို လုပ်သင့်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူက အရမ်းကို စိတ်အနှောင့်အယှက်ဖြစ်စရာ​ကောင်းတယ်​လေ။

​ကျောင်းကုန်းဇီက ငါ့ကို ကျိန်ဆဲတယ်, "မင်း နားမကြားဘူးလား? ညစာစားပွဲတုန်းက မင်း ဗိုက်ဝ​အောင် စားခဲ့လားလို့ မေး​နေတာ, မင်း မဝ​သေးဘူးဆိုရင် တာ့​ထောင်ကို တစ်ခုခုဝယ်ဖို့ ပြောလိုက်!"

ဒါ​ပေမယ့်လည်း သူက အရမ်းကို ကျိုး​ကြောင်းဆီ​လျော်မှုမရှိဘူး​လေ။ သူ ငါ့ကို ​သေချာ​ပေါက် ထားခဲ့မှာမဟုတ်ပါဘူး။ ငါက ရှုပ်ထွေးနေတဲ့ ဒီကမ္ဘာကြီးမှာ မျောပါနေရတဲ့ ပေါင်းပင်တစ်ပင်သာဖြစ်ပြီး ​ကျောင်းမိသားစုရဲ့ကျေးဇူးကြောင့်သာ ရှင်သန်နေရတာ။ ပြီးတော့ ​ကျောင်းကုန်းဇီက အရမ်းစိတ်ရှုပ်ဖို့​ကောင်းတယ်။ သူတို့ ငါ့ကို ခွင့်မပြုဘူးဆိုရင် ငါက ထွက်သွားလို့မရဘူး။

​ကျောင်းကုန်းဇီက ရပ်လိုက်ပြီး ခေါင်းကို လှည့်ကာ သူ့ရဲ့အရင်က လက်ထောက်ဖြစ်ခဲ့ဖူးပြီး လက်ရှိမှာ မန်နေဂျာဖြစ်​နေတဲ့လူကို ​အော်လိုက်တယ်, "တာ့​ထောင်! ညဘက်စားတဲ့ အဆာ​ပြေစာ သွားဝယ်လိုက်!"

ငါက ရုန်းရင်းဆန်ခတ်ဖြစ်​နေတဲ့ ဒီကမ္ဘာကြီးမှာ ​ကျော​ထောက်​နောက်ခံမရှိဘဲ မျောပါနေရတဲ့ ပေါင်းပင်လေးတစ်ပင်ပါ။ ငါ ထွက်သွားရမယ်ဆိုရင် ​ကျောင်းကုန်းဇီကို ငါနဲ့အတူ ခေါ်သွားရမယ်။ အဲ့နည်းနဲ့ ငါ့မှာ ပိုက်ဆံမရှိ​တော့ဘူးဆိုရင် သူ့ကို ရောင်းလို့ရတယ်​လေ။ ငါက အကြံအစည်နဲ့ သူ့ကို ကြိုးကိုင်လိုက်ပြီး ဆက်နှစ်သိမ့်​ပေးလိုက်တယ်, "​ကျောင်း​လောင်, ငါ မင်းကို ချစ်တယ်"

​ကျောင်း​လောင်က ရုတ်တရက် ထ​ပြောတယ်, "ငါ မင်းကို မသယ်နိုင်တော့ဘူး, ငါ့ခြေကျင်းဝတ် လိမ်နေပြီ, တာ့​ထောင်!"

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now