၄..ရက်စက်ခြင်း

4.3K 421 1
                                    

[Unicode]

လီဟန်က မဖြေ။သူမကိုသာစိုက်ကြည့်နေသည်။သူ၏မဟူရာလိုနက်မှောင်နေသည့်မျက်၀န်းတွေက အဝေးကိုထွက်သွားဖို့ပြောနေဟန်။လီဟန်သည် မင်းသားတစ်ဉီးဖြစ်သော်ငြားလည်းသူ့ကိုကူညီရန် မည်သူမျှစိတ်မ၀င်စားကြပေ။

ပိုင်စုရှင်းနှုတ်ခမ်းထောင့်များကကွေးတက်သွားလျက် "ဘာတွေစောင့်နေတာလဲ? မင်းသားကိုကူညီလိုက်လေ"

ပိုင်စုရှင်းရဲ့သက်တော်စောင့်နှစ်ယောက်ဖြစ်
တယ့်အမြွှာနှစ်ယောက်လီခိုင်နဲ့လီရီဟာ လီဟန်ရဲ့လက်မောင်းကို ချက်ချင်းဆုပ်ကိုင်လိုက်ကြသည်။

"မင်းတို့ဘာလုပ်တာလဲ?ငါ့ကိုလွှတ်!"

လီဟန်ဟာ ကိုယ်ခံပညာကောင်းမွန်ပြီးတော့ထက်မြက်သည်ဟု ဝတ္ထုထဲတွင်ပါသည်။သူရုန်းကန်နေပုံက ပိုင်စုရှင်းတုတ်ကြီးကြီးနဲ့သာကောက်ရိုက်ပလိုက်ချင်တော့သည်။

မည်သို့ပင်ဆိုစေကာမူ၊ လီဟန်သည် သူ၏အရည်အချင်းကိုဖုံးကွယ်ထားရန် လိုအပ်နေသေးသည်။လီဟန်၏ဇာတ်ကြောင်းသည်နောက်တစ်နှစ်မှသာတောက်ပလာမည်ဖြစ်သည်။

"ပိုင်စုရှင်း၊ငါမင်းအကူအညီ မလိုဘူး၊ငါ့ကို တစ်ယောက်တည်းလွှတ်ထားစမ်းပါ!"

လူတွေကစတုတ္ထမြောက်မင်းသားရဲ့ရှက်စရာကောင်တယ့်ပုံရိပ်ကိုစတင်သတိထားမိလာတော့သည်။

"ခွေးမင်းသားပဲ!"

"သူကတကယ် အသုံးမကျဘူးပဲ၊သာမန် သက်တော်စောင့်တွေဆီက‌တောင်မရုံးနိုင်ဘူး၊ ပျော့ညံ့လိုက်တာ!"

"မိန်းကလေးပိုင်ကစတုတ္ထမင်းသားကိုထပ်ကူညီနေပြန်ပြီ၊သူမကကြင်နာတတ်လွန်းတယ်"

မက်မွန်ပွင့်ခြံ၀င်းအတွင်း သူမတို့ရောက်ရှိသွားတယ့်အချိန်၊သမားတော်ကသူမတို့ထက်ရောက်နှင့်နေပြီဖြစ်သည်၊သမားတော်လည်း လီဟန်ကို ချက်ချင်း ကုသပေးလိုက်သည်၊တစ်ဖက်တွင် လီဟန်၏ နှုတ်ခမ်းမှညည်းသံတိုးတိုးလေးသာကြားရသည်၊နာကျင်မှုက သူ့အတွက်ဘာမှမဟုတ်သလိုပင်။

"စတုတ္ထမြောက်မင်းသား မကြာခင်ပြန်ကောင်းသွားမှာပါ၊ဒါပေမယ့်ခြေထောက်ကိုအရမ်းကြီးဖိအားမပေးဖို့တော့သတိထားရပါမယ်"

Villainess Series 1 : အဓိကဇာတ်ဆောင်အားအနိုင်ကျင့်ခြင်းWhere stories live. Discover now