၃၃..ကယ်ဆယ်ခြင်း

3.6K 390 5
                                    

[Unicode]

"သူက ရှင့်ရဲ့သားလေ.."စုရှင်းစို့နင့်စွာပြောလိုက်သည်။

"ငါ့သား?"ကိုယ်လုပ်တော် ဇီကရယ်မောပြီးမျက်ခုံးပင့်ပြရင်းဆိုလိုက်၏။ထိုမျက်ခုံးပင့်လိုက်တာ မြင့်မားလွန်းလို့ခေါင်မိုးထိတောင်ရောက်တော့မလိုပင်။

"ဟွန်း!အစကတည်းက ဒီခွေးကောင်လေးနဲ့ပက်သက်ပြီးဘာမျှော်လင့်ချက်မှကိုမထားခဲ့တာ၊ ငါလည်းအံ့ဩပါတယ်,ကာကွယ်ပေးမယ့်သူတစ်ယာက်မှမရှိဘဲနဲ့ နန်းတော်ထဲမှာဘယ်လိုများရှင်သန်နေတာလဲ?လီဟန်ကတကယ်ကို တစ်ခုခုတော့တစ်ခုခုပဲ,မိန်းကလေးပိုင်ရောအဲ့လိုမထင်ဘူးလား?"

သူ့ရဲ့‌သေးငယ်တယ့်ခန္ဓာကိုယ်ကိုနှိပ်စက်ညှဉ်းပန်းခဲ့တာတွေ၊မျက်ရည်တွေနဲ့အော်သံတွေ.. လီဟန်ငယ်လေးရဲ့ဘ၀...ကလေးဘ၀တုန်းကအားငယ်မှုတွေကိုပုံဖော်ကြည့်လို့တောင်ရသည်။

လီဟန်သည်သူ့ဘဝတစ်လျှောက်လုံး လူတိုင်း ရဲ့ကျိန်စာတိုက်ခြင်းကိုပါခံခဲ့ရသေးသည်။

ဖခင်ဖြစ်သူရဲ့လျစ်လျူရှုမှု၊မွေးချင်း၀မ်းကွဲများ၏အနိုင်ကျင့်မှု၊အစေခံတွေထံမှ မထီမဲ့မြင်ပြုခြင်းပါခံခဲ့ရသည်၊၀တ္ထုထဲတွင်ကလေးဘဝကတည်းက အဓိကဇာတ်ဆောင်ကိုလုပ်ကြံသတ်ဖြတ်ရန်အကြိမ်ပေါင်းများစွာကြိုးစားခဲ့ကြကြောင်း ဖော်ပြထားသည်။

သူ့အမေအရင်းတောင်မှပေါ့.. သူခံစားခဲ့ရ
တယ့်ဆင်းရဲဒုက္ခတွေအကုန်လုံးကသူ့အမေကစခဲ့တာတွေဖြစ်သည်။

အဓိကဇာတ်ဆောင်သည် ထိုသေစေလောက် သောအရာများကို သူ၏အမေဟုခေါ်သော မိခင်ရင်း၏ရက်စက်ကြမ်းကြုတ်မှုကိုဦးစွာခံစားခဲ့ရသည်၊အတွေးနဲ့တင် သူမရင်ဘတ်တစ်ခုလုံးမွန်းကြပ်လာစေသည်။

'လီဟန်'

စာဖတ်သူအားလုံးအတွက်၊ထိုအရာများကိုစာရေးသူကဝတ္ထုအတွက်ပညာသားပါပါရေးသားထားခြင်းသာဖြစ်သည်;သနားစရာကောင်းတယ့်ဇာတ်ကောင်ဖြစ်လာဖို့ရေးသားထားခြင်းသာ။ဒါပေမယ့် အဓိကဇာတ်ဆောင်အတွက်တော့ အဲ့တာတွေကတစ်ကယ်နာကျင်စေတယ်။

'လီဟန်'

'လီဟန်..'

အဓိကဇာတ်ဆောင်အမေရဲ့လက်က သူမဆီရောက်လာတော့စုရှင်းထိတ်လန့်သွားသည်၊သူမချက်ခြင်းလက်ခံလိုက်ပြီးနောက် ကိုယ်လုပ်တော်ဇီအား မတ်တတ်ရပ်ဖို့ကူညီပေးလိုက်သည်၊ကိုယ်လုပ်တော် ဇီကသူမရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့အပြုံးတစ်ချက်ကို ထပ်မံပြုံးပြလိုက်သည်"မငိုပါနဲ့ မိန်းကလေးပိုင်,ဒါက ငါ့သားရဲ့ကံကြမ္မာပဲ"

Villainess Series 1 : အဓိကဇာတ်ဆောင်အားအနိုင်ကျင့်ခြင်းWhere stories live. Discover now