၂၂..ယုန်ဖြူလေး

4.1K 402 3
                                    

[Unicode]

သူ၏သန်မာတယ့်လက်မောင်းတွေက သူမခါးကိုလျင်မြန်စွာဆွဲဖက်လိုက်သည်၊ပိုင်စုရှင်း သူ့ရင်ဘတ်ကျယ်ကြီးနဲ့မျက်နှာချင်းမ‌ဆိုင်မိဖို့ခေါင်းကိုစောင်းလိုက်သည်၊ထိုသည်က သူမတို့နှစ်ယောက်လုံခြုံတယ့်အကွာအဝေးတစ်ခုထားရှိလိုက်ခြင်းဖြစ်သည်။

'ငါ့ တို့ဟူး‌ .. ငါ့သနားစရာတို့ဟူးလေး၊ နောက်ဆုတ်လိုက်စမ်း!ငါ့တို့ဟူးလေးကိုမစားပါနဲ့တော့!'

"မင်းက ပန်းတွေလိုအပြစ်ကင်းစင်ပုံပဲ-အဲ့ဒီပုံစံလေးကိုပဲငါက.. ငါ့လက်နဲ့ကိုယ်တိုင်ဖျက်ဆီးချင်တာ..ဒီ‌တော့..ငါကမင်းမုန်းတာမမုန်းတာတွေဂရုစိုက်နေမယ်လို့ထင်လား?"လီဟန် ငုံ့ကြည့်ကာဆိုလိုက်၏။ထို့နောက် အကြောက်တရားများဖြင့်ပြည့်နေသောလည်ပင်း၏အနူးညံ့ဆုံးအပိုင်းကိုဆွဲနမ်းလိုက်သည်။

"ပိုင်စုရှင်း..,ငါမင်းကိုအဲ့ဒီသစ်ပင်ဆီတွန်းပြီးအနောက်ကနေသတိလစ်သွားအောင်ထိကိုအတင်းအကြပ် လုပ်ပစ်ချင်တယ်"

သူမအတွင်းထဲမှာတော့ကျယ်လောင်စွာအော်ဟစ်နေသည်။

"ပိုင်စုရှင်း,ငါ့ကိုမုန်းလိုက်စမ်းပါ၊မင်းငါ့ကိုမုန်းတယ်လို့ပြောရင်၊ထပ်ပြီးတော့-ငါ့ကိုငါထိန်းထားနိုင်တော့မှာမဟုတ်ဘူး"

'အဲ့ဒါ..အဲဒါက.. သူတစ်ကယ်ကြီးပြောနေတာတော့မဟုတ်ဘူးမလား,ဟုတ်တယ်မလားဟင်'

လီဟန်ကသူမကိုလွှတ်ပေးပြီး အေးစက်စွာဖြင့်ဥယျာဉ်ထဲမှထွက်သွားတော့သည်၊စုရှင်းလည်း ထိုအခါမှသာအသက်ပြင်းပြင်းရှူနိုင်၍အရုပ်ကြိုးပျက်တစ်ခုလို မြေပြင်ပေါ်သို့ခွေကျသွားတော့သည်၊သူ့ရဲ့စကားလုံးတွေက သူမကိုအေးစက်ပြီးအားနည်စေခဲ့ခြင်းဖြစ်သည်။

'အော်မီတော်ဖော်'

သူမကဗုဒ္ဓဘာသာ၀င်တစ်ယောက်တော့မဟုတ်ပေမယ့် ပါးစပ်ကနေဗုဒ္ဓကိုပါတမိသွားသည်။

သူ့ကိုအလင်းရောင် မြင်ခွင့်ပေးလိုက်တယ့်အတွက် ကျေးဇူးတင်ပါတယ်၊ဗုဒ္ဓေဟောထားတယ်-ရွတ်ဆိုခြင်းက တပ်မက်တယ့်စိတ်ကိုကျော်လွှားနိုင်တယ်တယ့်၊ကရုဏာရှင်ဗုဒ္ဓ,ဒီအဓိကဇာတ်ဆောင်ကို သန့်စင်သောနယ်မြေသို့ပို့ဆောင်ပေးပါ။-_-

Villainess Series 1 : အဓိကဇာတ်ဆောင်အားအနိုင်ကျင့်ခြင်းWhere stories live. Discover now