၃၆..ဓားသွား

3.7K 384 4
                                    

[Unicode]

ပိုင်မဲ့လီမျက်ရည်များ တိတ်သွားပြီးသူမဆီကနေဖြည်းညှင်းစွာလှည့်သွားသည်။

သူမအမေဖြစ်သူရဲ့ ဗလာကျင်းဖြစ်နေတယ့်အမူအရာကိုတစ်ချက်ကြည့်လိုက်သည်၊ထို့နောက်သူမကိုယ်ကိုကိုင်းလိုက်တာပိုင်မဲ့လီနား နားကပ်ပြောလိုက်သည်"အဲ့တာကြောင့်...နှစ်တိုင်းသမီးမွေးနေ့မှာ အရာတစ်ခုပဲဆုတောင်းဖြစ်တယ်"

"နောက်ဘဝမှာ လူကောင်းတစ်ယောက်သာသမီးအမေဖြစ်လာပါစေလို့"ပိုင်မဲ့လီ မသိစိတ်ကခြေတစ်လှမ်းနောက်ဆုတ်သွားသည်၊မျက်နှာတွင်လည်း မယုံကြည်နိုင်သောအမူအရာများ
ပြည့်နှက်နေကာ ပါးစပ်ကိုလည်းလက်နှစ်ဖက်ဖြင့်ဖုံးကွယ်မိလိုက်သည်။

"ရှ..ရှင်းအာ..သမီး"

ထို့နောက် စုရှင်း ပိုင်မဲ့လီဆီကနေလှည့်ထွက်သွားပြီးကျင်းအာဘက်ကိုအာရုံစိုက်လိုက်သည် "ကျင်းအာ"

သူမအင်္ကျီလက်ကိုကိုင်ထားတယ့် ကျင်းအာလက်ကိုဖယ်ထုတ်ဖို့အတော်ခက်ခဲသည်၊သူမကျင်းအာကို စိတ်ရှည်စွာပြုံးပြလိုက်ပြီး"ငါ့အတွက်​ သခင်​​မကိုဂရုစိုက်​​ပေးပါ,ဟုတ်ပြီလား?"

ကျင်းအာကမျက်ရည်တွေကျနေပေမယ့်သူမမျက်နှာပေါ်က Janice Wuလိုအလှမျိုးကပျောက်ကွယ်သွားခြင်းမရှိပေ၊'အာ,ငါ့နှလုံးသား၊ငါ့ရဲ့အလှလေး!'

ကျင်းအာကမျက်ရည်တွေကျနေပေမယ့်သူမမျက်နှာပေါ်က Janice Wuလိုအလှမျိုးကပျောက်ကွယ်သွားခြင်းမရှိပေ၊'အာ,ငါ့နှလုံးသား၊ငါ့ရဲ့အလှလေး!'

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Actress Janice Wu

စစ်သူကြီးမင်က ရုတ်တရက်၀င်ပြောလိုက်သည် "သခင်မလေး"

သူမခေါင်းငြိမ့်ပြတာကို မြင်လိုက်တော့စစ်သူကြီးမင် ဦးညွှတ်လိုက်သည်၊သူက သူ့လူတွေဘက်ကိုလှည့်ပြီး"ရထားလုံး ဒီကိုခေါ်လာခဲ့လိုက်"

Villainess Series 1 : အဓိကဇာတ်ဆောင်အားအနိုင်ကျင့်ခြင်းWhere stories live. Discover now