၃၄..အစီစဉ်ကျရှုံးခြင်း

3.6K 374 3
                                    

[Unicode]

"ရှင်းအာ"

စိတ်အေးအေးထားရမယ်'လျှိုရှီးရှီး ဦးနှောက်ခြောက်စေတယ့်အရာတွေနင့်ခေါင်းထဲကခဏဖယ်ထားလိုက်စမ်း'

ငါ့မှာ ကြီးမားတဲ့အားသာချက်ကဇာတ်လမ်းရဲ့ စီးဆင်းမှုကို သိနေတာပဲ၊တွေးကြည့်တော့ ဝတ္ထုရော.. အဓိကဇာတ်ဆောင်ရောကယ်နိုင်သေးတယ်ထင်တယ်၊ဒါဆို ငါ့ရဲ့သေခြင်းအဆုံးသတ်လည်းရှိနိုင်သေးတယ်။

'ကြိုးစားထား!'

ငါကပိုင်စုရှင်းအဖြစ် ငါးနှစ်လောက်နေလာခဲ့တာပဲလေ၊ဗီလန်မအကြောင်းကို ကောင်းကောင်းလဲသိနေတာပဲ၊သူ့မိသားစုရဲ့ နှလုံးသားထဲမှာ သူ့ဖြစ်တည်မှုကဘယ်လိုဆိုတာလည်းသိတယ်။

ပိုင်မဲ့လီ ပိုင်စုရှင်းကိုယ်၀န်လွယ်ထားရတုန်းကပိုင်ဇနီးမောင်နှံနှစ်ယောက်လုံး ကျော်ကြားတယ့်နတ်ကွန်းတစ်ခုဆီကို သွားရောက်လည်ပတ်ခဲ့ကြသည်၊ပိုင်အကြီးအကဲရဲ့အကြံပြုချက်အရ သူတို့နှစ်ယောက်ဟာ ဝူမင်လို့ခေါ်တဲ့လျှို့ဝှက်ဆန်းကြယ်တဲ့ နတ်ဆရာမကိုတွေ့ဆုံဖို့ သဘောတူခဲ့ကြခြင်းဖြစ်သည်၊ထိုနတ်ဆရာမသည်ကံကြမ္မာများကိုဟောပေးတတ်၍ခရီးသွားတစ်ဦးလည်းဖြစ်သည်။

ပိုင်မဲ့လီရဲ့ ဗိုက်ထဲကကလေးဟာပိုင်မိသားစုကို ဂုဏ်သတင်းမွှေး၍ပြည့်စုံစေလိမ့်မည်ဟု ဝူမင်ကဟောကိန်းထုတ်ခဲ့သည်၊သူမ၏စကားများက- "သူမက ကြီးကျယ်ခမ်းနားပြီးမြင့်မြတ်စွာကြီးပြင်းလာလိမ့်မယ်၊တိုင်းပြည်အတွက်လည်းငြိမ်းချမ်းမှုနဲ့ သာယာဝပြောမှုကိုဆောင်ကျဉ်းပေးလိမ့်မယ်၊ဒီကလေးကဆန်းကြယ်တယ့်ဖီးနစ်ရောင်ဝါတွေရဲ့၀န်းရံခြင်းလည်းခံထားရတယ်"

ဤသို့ဖြင့် ပိုင်စုရှင်းသည် အမတ်ချုပ်အိမ်၏ရတနာတစ်ပါးလိုဂရုစိုက်ခံခဲ့ရသူဖြစ်လာခဲ့သည်။အကြောင်းမှာ တရုတ်ရှေးခေတ်အယူအရ,ဖီးနစ်သည်ဧကရာဇ်၊ဧကရီကိုကိုယ်စားပြုသောကြောင့်ဖြစ်သည်။

ထို့ကြောင့် ပိုင်မုရိုသည်သူ၏သားသမီးများကြားတွင်အကြီးဆုံးသမီးဖြစ်သူအားရတနာကဲ့သို့ဆက်ဆံခဲ့သည်။

ပိုင်မုရိုသည်ကလေးဘဝကတည်းက ပိုင်စုရှင်းလိုချင်တယ့်အရာတိုင်းလိုက်လျောပေးခဲ့သည်၊အမတ်ချုပ်ကသူမကို အလွန်အကျွံကိုအလိုလိုက်ပေးထားသည်မှာ..လက်ဆောင်မျိုးစုံများ၊အိမ်တွင်းရှိ အကောင်းမွန်ဆုံးပိုးထည်များ၊တန်ဖိုးကြီးကျောက်မျက်ရတနာများ၊ရှားပါးပစ္စည်းများအားလုံးကိုလည်းသူ့သမီးကိုပဲပေးခဲ့သည်၊သူမ၏လစဉ်ထောက်ပံ့ကြေးငွေမှာပင် အခြားသောမွေးချင်းများထက်များစွာမြင့်မားသည်။

Villainess Series 1 : အဓိကဇာတ်ဆောင်အားအနိုင်ကျင့်ခြင်းWhere stories live. Discover now