၁၉..အလိမ်အညာ

4K 430 4
                                    

[Unicode]

ထိုလူသည် ကြောက်စရာကောင်းသောဝံပုလွေမျက်နှာဖုံးကိုတပ်ဆင်ထားပြီးဓားပြခေါင်းဆောင် ဖြစ်ပုံရ၏။ထိုမျက်နှာဖုံးကို ပိုင်စုရှင်းမြင်တော့ အသံမထွက်ဘဲ အော်လိုက်မိသည်။

ဒီလူက ဘယ်သူလဲ?ကျင်းအာလည်း ပီပီပြင်ပြင်သရုပ်ဆောင်ထားတာပါ၊သူ ဘယ်လိုလုပ်-?ခဏလေး၊လျိုရှီးရှီးသေချာ စဉ်းစားစမ်း၊ဇာတ်ကွက်ထဲမှာ ငါမသိတာဘာရှိသေးလို့လဲ?

ပြန်ပေးဆွဲ?

ပြန်ပေးဆွဲတာလား?အာ!ဓားပြတွေကရတနာမြေပုံတစ်ခုနဲ့ အဓိကဇာတ်ဆောင်မင်းသမီးကိုပြန်ပေးဆွဲတယ့်အခန်းပါသေးတာပဲ၊အဲဒီမြေပုံစုတ် နာမည်တောင်မေ့နေတယ်၊ကံကောင်းထောက်မစွာပဲ သူမကိုအဓိကအမျိုးသားဇာတ်ဆောင်က ကယ်နိုင်ခဲ့လိုက်တယ်။

ခဏ..

ဒါဆို ငါကဘာလို့ အခုပြန်ပေးဆွဲခံနေရတာလဲ?ပြီးတော့ ဒီဇာတ်ကွက်ကလည်း အဓိကဇာတ်ဆောင်မင်းသမီးမြို့တော်ကိုပြန်ရောက်ပြီးနောက်မှဖြစ်တာလေ။

"မကြောက်ပါနဲ့ သခင်မလေး"ထိုလူကသူ၏လက်မကြီးဖြင့် ပိုင်စုရှင်းမျက်နှာပေါ်မှမျက်ရည်များကို ညင်သာစွာသုတ်ပေးလိုက်သည်။

"သူမကို မထိနဲ့!ကျွန်မကမှ ပိုင်စုရှင်းပဲ၊ကျွန်မကအမတ်ချုပ်ရဲ့ အကြီးဆုံးသမီး၊သူကအစေခံတစ်ယောက်ပဲ,သူမကိုလွှတ်လိုက်!"ကျင်းအာ က အခိုင်အမာပြောလိုက်သည်။

ထိုလူသည် ကျင်းအာအား ကြိုးနဲ့ချည်ပြီး ပါးစပ်ကို အဝတ်နဲ့စည်းလိုက်ရန်သူ့လူတွေကို အချက်ပြပြီးရယ်မောလိုက်၏။

ငါတော့သေပြီ!သူသိနေတယ်!

ဝံပုလွေမျက်နှာဖုံးနှင့်ထိုလူသည် ပိုင်စုရှင်း၏ အေးခဲနေသောခန္ဓာကိုယ်ကို သယ်ဆောင်လိုက်၏။ထို့နောက် သူသည်သူ၏ကြီးမားလှသောမြင်းကိုလှည့်ကာ ချောမွေ့သောလှုပ်ရှားမှုတစ်ခုဖြင့်သူမကိုအရင်တင်ပေးလိုက်သည်၊သူ၏လက်နှစ်ဖက်ဖြင့် သူမလက်ကိုကွေးလျက် မြင်းကိုထိန်းကာ ရှေ့သို့ပြေးသွားလေတော့သည်။

'ကျင်းအာ,အမွှာနှစ်ယောက်,အခြားအစောင့်တွေရော.. အားလုံးသေသွားပြီလား?'တွေးရင်းသူမ မျက်နှာဖြူဖျော့လာသည်၊ငါလည်း လွှင့်ပစ်ခံရတော့မယ်ထင်တယ်

Villainess Series 1 : အဓိကဇာတ်ဆောင်အားအနိုင်ကျင့်ခြင်းWhere stories live. Discover now