၄၁..ခွင့်မပြုခြင်း

4.2K 387 6
                                    

[Unicode]

သူမနန်းဘုရင်အား မတုန်လှုပ်မိစေရန်ကြိုးစား၍ကိုယ့်ကိုကိုယ်ထိန်းချုပ်လိုက်၏။

သခင်မလေးသာ ဒီမှာရှိရင်သူ့ကိုဘယ်လိုမြင်မလဲ;နန်းဘုရင်နဲ့ပက်သက်သမျှအရာအားလုံး ပြောင်းလဲသွားပြီဖြစ်သည်။

သူ..ပိုပိုဆိုးသွမ်းနေလေပြီ။

"သူ မင်းကိုတစ်ခုခုတော့ပြောခဲ့မှာပဲ၊အဲ့တာကြောင့်မင်းသိသမျှ အဲ့မှာအကုန်ရေးချ"

ဧကရာဇ်ကနှုတ်ခမ်းထပ်မဖွင့်မီ သူမမျက်နှာကို တစ်ခဏချင်းစူးစမ်းကြည့်လိုက်၍ "လွန်ခဲ့တယ့်နှစ်တွေတုန်းက မင်းသခင်မလေးကငါ့အတွက်အစားအသောက်နဲ့ဆေး၀ါးတွေပို့ပေးချင်လို့ မိန်းမစိုးတွေနှင့်အစေခံတွေကိုလာဘ်ထိုးခဲ့တယ်ဆိုတာငါသိတယ်၊ငါအဖျားကျမသွားသေးဘူးဆိုရင်လည်း ပြန်ကောင်းလာဖို့သမားတော်ကိုထပ်စစ်ဆေးခိုင်းလေ့ရှိတယ်"

"အဲ့တာအပြင်..သူမရဲ့သက်တော်စောင့်.."သူသည် လုခိုင်ကိုတစ်ချက်ကြည့်လိုက်သည်;လုခိုင်၏ခြေလက်အင်္ဂါလေးခုလုံးကမရှိတော့ပေ။

".. အဲ့ဒီနှစ်တွေမှာသူ့သက်တော်စောင့်ကငါ့နန်းတော်အပြင်မှာဝေ့လည်ကြောင်ပတ်နဲ့စောင့်နေတတ်တယ် တခါတရံရဲတင်းစွာငါ့ရဲ့အခန်းထဲထိ၀င်ပြီး ထောက်လှမ်းရဲတယ်၊နောက် လုပ်ကြံသူတွေရဲ့ တိုက်ခိုက်မှုကိုခံခဲ့ရပြန်တော့လည်း
သူမအစောင့်တွေကငါ့အသက်ကို ကာကွယ်ဖို့အမြဲတမ်းပေါ်လာတတ်တယ်"

"အဲဒီတုန်းက သံသယတွေအရမ်းများခဲ့တယ်၊ သူငါ့ဆီကတစ်ခုခုလိုချင်လို့ပဲဖြစ်ရမယ်လို့အမြဲတွေးနေခဲ့တယ်၊သူမက ငါ့ကိုသနားတာလားဒါမှမဟုတ် ငါ့ကိုကစားတာလား"လီဟန်က ပြတ်သားစွာပြောလိုက်သည်။

"တောင်ပိုင်းနယ်စပ်ကိုသွားရပြီး ချူအင်ပါယာကိုအောင်မြင်စွာချေမှုန်းနိုင်ဖို့တိုက်ပွဲ၀င်ရင်းနဲ့အသက်ရှင်ဖို့ ရုန်းကန်ရပြန်တယ်..."

သူ့နှုတ်ခမ်းထောင့်က ကော့တက်ကာ၀မ်းနည်းနေသောအပြုံးမျိုးပြုံးနေသောကြောင့် ကျင်းအာအံ့ဩသွားသည်။

"စစ်သူကြီးမင်၊စစ်သူကြီးရုံ၊ဒီနှစ်တွေအကုန်လုံးမှာ သူမ လူတွေငါ့ကိုဝန်းရံပေးထားမှန်းသိတယ်၊ငါ့ကို ကာကွယ်ဖို့နဲ့သူငယ်ချင်းဖြစ်ပေးပြီးငါ့ရည်မှန်းချက်တွေအောင်မြင်အောင်ကူညီပေးဖို့ သူတို့ကိုသူမငှားခဲ့တာ"

Villainess Series 1 : အဓိကဇာတ်ဆောင်အားအနိုင်ကျင့်ခြင်းWhere stories live. Discover now