၁၅..သူရဲကောင်း

4.1K 389 2
                                    

[Unicode]

ယခုအခါ ချူ၀မ်၀မ်၏မျက်နှာသည်သူရဲတစ္ဆေမြင်နေရကဲ့လို့ ဖြူဖျော့နေလေသည်၊သူမကြည့်ရတာ အရမ်းတုန်လှုပ်သွားပုံရသည်၊ရေကန်အစွန်းမှာရပ်နေကာ ချူ၀မ်၀မ်ကို ရည်ရွယ်ချက်ရှိရှိမြေပြင်ပေါ်ပြန်တွန်းချပြီးအေးခဲနေတဲ့ရေကန်ထဲကို သူမဘာသာခုန်ချသွားတာ ဘယ်သူမှ သတိမထားမိလိုက်ပါချေ။

"မိန်းကလေး ပိုင်"

"တစ်ယောက်ယောက် ကယ်ကြပါအုန်း!မိန်းကလေး ပိုင်ရေထဲကျသွားလို့!"

"သခင်မလေး!"

ပိုင်စုရှင်း ရေထဲတွင်ရုန်းကန်နေသလို ဟန်ဆောင်ကာ "ကယ်-ကယ်ကြ-ကယ်ကြပါအုန်း!"

ပိုင်စုရှင်း ခေါင်းထဲမရပ်မနားတွေးနေသည်က'ရေကအရမ်းအေးတယ်ဟ,သေတော့မှာပဲ'

သူမ ပိုပြီးလူအများယုံကြည်သွားအောင်အသက်၀အောင်ရှုလိုက်၍ စက္ကန့်အနည်းငယ်မျှ ရေထဲသို့ငုံ့နေလိုက်၏။

တစ်၊နှစ်၊သုံး၊သူမနဖူးတွန့်သွားကာမျက်လုံးများဖွင့်ကြည့်လိုက်၍ မှောင်မဲနေတယ့်ရေထဲတွင်လှည့်ပတ်ကြည့်လိုက်သည်'ငါ့ကို ကယ်မဲ့သူကဘယ်မှာလဲဟဲ့?!'

ပိုင်စုရှင်းရဲ့အသက်အန္တရာယ်နဲ့ဆိုင်တယ့်အကြံအစည်ကလည်း စမတ်မကျလိုက်တာ၊အခုတော့ ငါဒုက္ခတွေခံစားနေရပြီ!

မျက်လုံးတွေပြန်မှိတ်လိုက်ရင်း သူမဆီအရိပ်တစ်ခု ကူးခတ်လာတာကိုသတိထားမိလိုက်သည်'‌နင်နောက်ကျတယ်,လုခိုင်'ဒါပြီးရင်တော့ ဒီလအတွက်နင့်လစာထဲကဖြတ်ပြီသာမှတ်၊သူမ ဒေါသတကြီးမှတ်ထားလိုက်သည်။

စိတ်သက်သာရာရကာ မျက်လုံးများမှိတ်ထားရင်းသတိမေ့ချင်ယောင်ဆောင်လိုက်သည်။

တစ်စုံတစ်ယောက်က သူမကိုခါးကိုပွေ့ဖက်လိုက်သည့်အခါ ရေပေါ်ပြန်တက်ရတော့မယ်လို့ထင်သွားသည်၊အဲဒီအစား နှုတ်ခမ်းပေါ်ကို တစ်ခုခု၊လျှာတစ်ခုက သူမပါးစပ်ကိုဖွင့်ဖို့ကြိုးစားနေသည်။

အံ့သြထိတ်လန့်သွားပြီးမျက်လုံးများပွင့်လာပြီး ကာ လုခိုင်ကို တွန်းထုတ်ဖို့ကြိုးစားလိုက်သည်'သူဘာတွေလုပ်နေတာလဲ?!'

Villainess Series 1 : အဓိကဇာတ်ဆောင်အားအနိုင်ကျင့်ခြင်းWhere stories live. Discover now