၇..အကျည်းတန်အမာရွတ်

4K 420 2
                                    

[Unicode]

အဓိကဇာတ်ဆောင်မင်းသားအားတောင်ပိုင်းနယ်စပ်ဘက်သို့ပို့မယ့်နေ့ရောက်လာခဲ့ပြီ။

အနိုင်ကျင့်ခံရတယ့်မင်းသားတစ်ပါးဆိုပေမယ့် သူကမင်းသားတစ်ပါးဖြစ်နေဆဲပင်၊ဧကရာဇ်ကလီဟန်အားသွားမည့်နေရာရောက်သည်ထိ ဘေးကင်းလုံခြုံစေရန်စစ်သည်ရာကျော်ထည့်ပေးလိုက်၏။

မြို့တော်သည်စည်ကားနေသည်၊လမ်းဘေးမှာတော့စုရုံးနေသည့် လူအုပ်ကြီးများဖြင့်။စတုတ္ထမင်းသားပြန်လာနိုင်မယ့် အခွင့်အရေးနည်းတာကြောင့်"အနိုင်ကျင့်ခံရသော ခွေးမင်းသား" ကို နောက်ဆုံးအချိန်ကြည့်ဖို့စိတ်အားထက်သန်နေကြသည်။

သေချာတာကတော့ ဗီလိန်တစ်ယောက်အနေနဲ့သူမအခန်းကဏ္ဍကိုကောင်းကောင်းကစားသင့်ပြီ။

အမတ်ချုပ်အိမ်တော်ကရထားလုံးကိုမြင်သောအခါစတုတ္ထမင်းသား၏လှည်းရပ်သွားသည်။

ပိုင်စုရှင်းရထားလုံးပေါ်မှဆင်းလာတော့,လီရွေ့ကသူမဆီပြေးလာလိုက်သည်"မိန်းကလေးပိုင်,ဒီကိုဘာလာလုပ်တာလဲ?"

"စတုတ္ထမင်းသားကိုနှုတ်ဆက်ချင်လို့ပါ"

"အဲဒါက.."

"ကျေးဇူးပြုပြီး၊အိမ်ရှေ့စံမင်းသား,ဒါကသူ့ကိုတွေ့ရမှာနောက်ဆုံးအကြိမ်ဖြစ်နိုင်တယ်၊ကျွန်မ စိတ်မကောင်းဖြစ်မိလို့ပါ"

လီရွေ့၏မျက်နှာပေါ်တွင်မလိုလားခြင်းများကိုရေးထားသော်လည်းမကျေမနပ်ဖြင့်သာ ခေါင်းညိတ်လိုက်ရသည်၊အိမ်ရှေ့စံမင်းသား အမိန့်အတိုင်း,လီဟန်သည်ရထားလုံးပေါ်မှ ဆင်းလာသည်။

လူထုကြားထဲမှတီးတိုးသံများကထွက်ပေါ်နေဆဲပင်။

ဓားသွားကဲ့သို့ စူးရှသောမျက်၀န်း၊တောင်တန်းသဖွယ်မြင့်မားဖြောင့်စင်းသောနှာတံ၊သေသပ်စွာ အချိုးကျနေသောမေးရိုးဖြင့်လီဟန်သည် သူ၏ အုံ့မှိုင်းကာအေးစက်နေသောရောင်ဝါများထုတ်လွှတ်နေသည်၊ထုံးစံအတိုင်းအနက်‌ရောင် ဘရိုကိတ်၀တ်စုံကို ဝတ်ဆင်ထားသည်။

ပိုင်စုရှင်းသည်သူမမျက်နှာပေါ်တွင်စာနာသနားနေသောဟန်ဖော်ပြလိုက်သည်၊သူ့ဆီလျှောက်သွားပြီး လက်ကိုင်ပုဝါကိုဆွဲထုတ်လိုက်သည်၊မျက်လုံးအားလုံးကသူမတို့ပေါ်တွင်ရှိနေသည်။ပိုင်စုရှင်းလီဟန်မျက်နှာပေါ်က ချွေးတွေကို ညင်သာစွာသုတ်ပေးလိုက်၍"ခရီးလမ်းဘေးကင်းပါစေလို့ဆုတောင်းပေးပါတယ်,မင်းသား"

Villainess Series 1 : အဓိကဇာတ်ဆောင်အားအနိုင်ကျင့်ခြင်းWhere stories live. Discover now