၂၀..ပန်းအိုး

4K 406 4
                                    

[Unicode]

"သခင်မလေး,ဘာလို့ပန်းအိုးကို စိုက်ကြည့်နေတာလဲ?

ငါကတော့ လက်တွေ့ကမ္ဘာကိုပြန်ရောက်ရင် PTSD (Post traumatic stress disorder=ဒါကထိတ်လန့်တာတွေ၊အန္တာရယ်ရှိတာတွေကြုံတွေ့လာခဲ့ရတယ့်သူတွေကိုကုသပေးတယ့်ဟာပါ)သွားရတော့မှာကျိန်းသေတယ်၊အချို့ဝိညဉ်ကူးပြောင်းပြီး သူတို့မစ်ရှင်အောင်မြင်အောင်လုပ်နိုင်တယ့်သူတွေလဲ တစ်ကယ်လက်မထောင်တယ်၊ဘာလို့လဲဆိုတော့တစ်ကယ်လို့အစ်မသာ ငါ့လည်‌ပင်းပေါ်မှာဓားထောက်ခံရပြီးဘဲလိုတုန်ရီနေတာသာတွေ့ခဲ့မယ်ဆိုရင်;ကျွန်မကတော့ပြန်တွေးလိုက်တိုင်းသေလောက်အောင်ကြောက်တယ်;သူမကတော့ကျွန်မကိုသေအောင်သတ်မှာမြင်ယောင်သေး။

'အဲ့လောက်သတ္တိနည်းရလားဆိုပြီး!'

"သခင်မလေး,အရှင်မင်းသားဆီသွားတွေ့တော့မှာလား?"

လီဟန် မလိမ်ဘူးပဲ။

ပြန်ပေးဆွဲမှုဖြစ်စဉ်ပြီးသွားတာ ယခုဆိုတစ်ပတ်ကျော်သွားပြီဖြစ်သည်၊ဓားပြတွေသည် အားနည်းတယ့်အငွေ့နဲ့မေ့ဆေးမှုန့်ကို သုံးလိုက်သောကြောင့်အစောင့်များမေ့လဲသွားပြီးလုခိုင်တစ်ဦးတည်းသာ နှာခေါင်းကိုလျင်မြန်စွာအုပ်ပြီး ထိုဓားပြအားလုံးကိုနိုးနိုးကြားကြားနဲ့တိုက်ခိုက်ခဲ့ခြင်းကြောင့်ဖြစ်သည်၊ငါရခဲ့တဲ့ သွေးနံ့က သူ့သွေးနံ့ပဲ၊နောက်ဆုံးတွင် လုခိုင်သည်ရှုံးနိမ့်သွားပြီးဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့သည်။

ထို့နောက်ကျန်ဓားပြများသည် အဓိကဇာတ်ဆောင်၏ရက်စက်စွာသတ်ဖြတ်ခြင်းကိုခံလိုက်ရသည်၊သို့ပေမယ့် ဓားပြခေါင်းဆောင်ကတော့ လွတ်မြောက်သွားခဲ့သည်၊ထို့ကြောင့်လီဟန် ရက်ပိုင်းလောက်ဒေါသထွက်ကာ မြို့တော်တစ်ခုလုံးနှင့်အခြားအနီးနားပြည်နယ်များကိုပါ ရှာဖွေရန်စစ်သားများကို အမိန့်ပေးခဲ့သည်။ဖမ်းမိသူ သို့မဟုတ်အလိုရှိသောရာဇ၀တ်ကောင်နှင့်ပတ်သက်သည့် အချက်အလက်တစ်ခုခုကိုပေးဆောင်သူကိုလည်း ဆုကြေးငွေပေးမည်ဟုသတ်မှတ်လိုက်သည်။

အဓိကဇာတ်ဆောင်က ထိုဝံပုလွေမျက်နှာဖုံးနှင့်လူဦးခေါင်းကို အရယူရန်ဆုံးဖြတ်ထားပုံရသည်၊ အရမ်းရက်စက်တာပဲ!

Villainess Series 1 : အဓိကဇာတ်ဆောင်အားအနိုင်ကျင့်ခြင်းWhere stories live. Discover now