၂၃..ဖမ်းဆီးလိုက်ခြင်း

4K 394 8
                                    

[Unicode]

ပိုင်ယန် (ပိုင်စုရှင်းရဲ့၀မ်းကွဲညီမ)ကသူမကို ညာဘက်တံတောင်နဲ့လှမ်းတွတ်လိုက်သည်၊ပိုင်စုရှင်းသူမကို လျစ်လျူရှုကာတူကောက်ကိုင်လိုက်ပြီး အနူးညံ့ဆုံးအသိမ်မွေ့ဆုံးဆိုတယ့်ပုံစံနဲ့စစားလိုက်သည်။

ထိုကဲ့သို့စားသောက်ရသောပုံစံသည်သူမအတွက် တကယ်ကိုပင်ပန်းသည်၊ခါးကိုမတ်နေအောင်ထားရသည်၊ကျယ်လောင်စွာလည်းဝါးခွင့်မပြု၊
ဆူညံစွာလည်းမစားသောက်ရပေ။

အာ.. ပန်းကန်ပြားကိုတောင်လျှက်လိုက်ချင်ပြီ ဟင်းပွဲတွေက အရမ်းအရသာရှိတယ်၊ဟင်းပွဲတွေအတွက်နဲ့ ဒီနေ့သူမတာ၀န်ကိုမမေ့ဖို့ကိုယ့်ကိုကိုယ်ထပ်ခါထပ်ခါသတိပေးလိုက်မိ၏

ဒါပေမယ့်.. နောက်ထပ်ပေါင်မုန့်တစ်လုံးလောက်ထပ်စားလိုက်လည်းဘယ်သူမှသတိထားမိမှာမဟုတ်ဘူးမလား?

'လျိုရှီးရှီးရေ ကိုယ့်ပါးစပ်ပေါက်လေးကိုယ်လဲထိန်းအုန်းဟဲ့!ထပ်စားချင်မနေနဲ့!'

လက်တွေ့ကမ္ဘာမှာဆို သူမကအစားအသောက်ကောင်းအရမ်းမက်သည်၊သူမအမေကသူမကို အစားအသောက်မျိုးစုံ အမြဲချက်ကျွေးလေ့ရှိသည်။

'ကျေးဇူးတင်ပါတယ်,အမေ၊ချစ်တယ်နော်'

ကုမ္ပဏီကပါတီပွဲတွေမှာဆိုရင်လည်းသူမကို လုပ်ဖော်ကိုင်ဖက်တွေနဲ့ပေါင်းသင်းဆက်ဆံနေတာတော့တွေ့ရမှာမဟုတ်ချေ၊ဒါပေမယ့် ထောင့်တစ်နေရာမှာတော့ခေါင်းမဖော်တမ်းစားနေတယ့်သူ့ကိုတော့သတိထားမိပါလိမ့်မယ်,အဲ့တာလျှိုရှီးရှီးပါ။

အဲဒါကြောင့် သူမရဲ့ရုံးဝန်ထမ်းအဖြစ်နှစ်နှစ်အတွင်းမှာ ပိုက်ဆံလည်းလုံလုံလောက်လောက်မစုမိခဲ့ပေ၊ရတယ့်လစာများကိုလည်း အွန်လိုင်းကနေစျေးဝယ်ခြင်းနဲ့အစားအသောက်deliမှာစားခြင်းနဲ့သာဖြုန်းခဲ့သည်၊ပြီးတော့ သူမသည် စား-နိုင်-သလောက်-စား ဆိုတယ့်ဘူဖေးဆိုင်၏big fanလည်းဖြစ်သည်။

သူမလျှိုရှီးရှီးကပြုံးရတာဟာ ပင်ပန်းတယ်လို့ထင်တယ့်သူမျိုးဖြစ်သည်၊သူမသည်အခန်းထဲတွင် တစ်လကြာ၊နှစ်လကြာအောင်းတယ့်သူဖြစ်သည်(ဂူပိတ်တရားကျင့်နေတာနေမှာ-_-),အဲ့တာကသူမအတွက်တော့ရေးကြီးခွင်ကျယ်မဟုတ်ချေ။

Villainess Series 1 : အဓိကဇာတ်ဆောင်အားအနိုင်ကျင့်ခြင်းWhere stories live. Discover now