၅၀...ကတိ

4.9K 425 9
                                    

[Unicode]

သတိပေးချက်- စာဖတ်သူ၏ဆုံးဖြတ်ချက်ကို အကြံပြုထားသည်။

--

နန်းဘုရင်က သူမမလှုပ်မယှက်ဖြစ်သွားမှန်းသိလိုက်တော့သူမရဲ့တုံ့ပြန်ကိုစောင့်နေလိုက်သည်၊ထို့ကြောင့် စုရှင်းစောင်ကိုလွှတ်လိုက်ပြီးသူ့ရဲ့ idolပုံစံမျက်နှာကို ညင်သာစွာထိတွေ့လိုက်၏။ စုရှင်း သူ့ရင်ဘက်နဲ့ပုခုံးကိုတွန်းဖယ်လိုက်ချင်ပေမယ့် ဒဏ်ရာရထားတော့မတွန်းရက်ပေ။

"နမ်း"

"နမ်းရုံတင်နော်,ရှင့်ဒဏ်ရာတွေအရင်ပျောက်ဖို့လိုသေးတယ်"

လီဟန်ကမျက်လုံးတွေမှိတ်ထားလိုက်သည်;သူ ပြန်ဖွင့်ကြည့်လာတော့သူ့မျက်၀န်းထဲမှာ လျှို့ဝှက်ဆန်းကြယ်တယ့်အလင်းတန်းတစ်ခုဖြင့်..

"နားလည်ပါပြီ,ကိုယ့်ဇနီးလေးရဲ့,နမ်းရုံတင်နမ်းမှာပါ"

လီဟန်သဘောတူလိုက်တော့သူမစိတ်ထဲအံ့အားသင့်သွားသည်။

'ခွေးပေါက်လေးအမူအရာနဲ့ဘာတွေပြောနေတာလဲ?တွေ့လာ?အဓိကဇာတ်ဆောင်ကပြောစကားတော့နားထောင်သားပဲ၊ဘယ်လိုတောင်ချစ်ဖို့ကောင်းတယ့်ခွေးလေးလဲ?'ငါဘာလို့အဲ့လိုအမှားမျိုးတွေးမိသွားတာပါလိမ့်။

ဖြစ်နိုင်ရင်ကိုယ့်ပါးကိုရိုက်ပြီးချောက်ကမ်းပါးကနေတောင်ခုန်ချပစ်လိုက်ချင်တယ်၊သူလိမ်တယ်! သူကဘယ်လောက်ပဲချစ်ဖို့ကောင်းနေပါစေ,ခွေးတစ်ကောင်ကခွေးတစ်ကောင်ပဲလေ၊ဒီလိုဖြစ်လာမယ်ဆိုတာအစကတည်းကကြိုသိထားသင့်တယ်၊မကောင်းတဲ့ကောင်!

'ခွေးဆိုးကြီး!ခွေးဆိုးကြီး!'ဝါးးးးး!!!

လီဟန်ကသူမပါးစပ်ထဲလျှာကိုထိုးထည့်လိုက်တော့စုရှင်းမျက်ရည်များကျလာတော့သည်၊သူ့ရဲ့ ပြင်းပြတဲ့အနမ်းတွေနဲ့ယောက်ျားဆန်တယ့်ကိုယ်ခန္ဓာကသူမဝိညာဉ်တစ်ခုလုံးကိုပါ အညှာအတာမဲ့လွှမ်းခြုံထားတော့သည်။

'လီဟန်,ရှင်ကလူလိမ်!'

ငါသာဂရုမစိုက်လိုက်ရင်၊မပြေးရင်,ကိုယ့်ခြေလှမ်းတွေကိုယ်မကြည့်ခဲ့ရင်,ငါ့ရဲ့ခရီးစဥ်ကပြိုလဲသွားခဲ့မယ်ဆိုရင်....အဲ့တာကငါ့ရဲ့အဆုံးသတ်ဖြစ်လာလိမ့်မယ်၊အဓိကဇာတ်ဆောင်ကသေချာပေါက်ငါ့ကိုဖမ်းပြီးသော့ပိတ်ထားတော့မှာ။

Villainess Series 1 : အဓိကဇာတ်ဆောင်အားအနိုင်ကျင့်ခြင်းWhere stories live. Discover now