၄၉..ငိုနေခြင်း

4.6K 404 14
                                    

[Unicode]

တကယ်တမ်းပြောရရင်,စုရှင်းအဓိကဇာတ်ဆောင်ရှေ့မှာဘယ်လိုသရုပ်ဆောင်ရမလဲမသိပေ၊ဆိုလိုတာက.. အခုဆိုဇာတ်လမ်းကပြောင်းလဲသွားတာကြာပြီလေ,အရင်ကလိုသူ့ကိုအနိုင်ပဲကျင့်ရမလား၊ဘာလုပ်ရမလဲရေရေရာမသိတော့။

ခွေးလေးနဲ့တူတယ့်အဓိကဇာတ်ဆောင်ပုံစံကိုကြည့်လိုက်၍ဆက်သည်းမခံနိုင်တော့ပေ၊ကိုယ့်ကိုကိုယ် တိရိစ္ဆာန်ညှင်းပန်းနှိပ်စက်မှုကြီးကျူးလွန်လိုက်ရသလိုခံစားလိုက်ရသည်။ (*lol)

"စုရှင်း?မင်းလား?"

"အရှင့်သား-"

"မဟုတ်ဘူး,ကိုယ့်နာမည်ကိုခေါ်၊ကိုယ့်နာမည်ကိုပဲခေါ်..ပြောပါတစ်ကယ်ပဲမင်းလား?"

'လီဟန်..'သူမလျှာကိုကိုက်မိလိုက်၍သူ့နာမည်ကနှုတ်ခမ်းကပင်လွတ်ထွက်လုနီးပါးဖြစ်သွားသည်။

"ကိုယ့်ကိုသက်သေပြ၊မင်းကပိုင်စုရှင်းဆိုတာသက်သေပြပေးပါ.."

"ဒါပေမယ့် ဒါကနောက်ထပ်အိပ်မက်တစ်ခုဆိုရင်လည်း..ငါ့ကိုယ်ငါလှည့်စားဖို့တစ်ကြိမ်လောက်ပဲခွင့်ပြုပေးနိုင်မလား?"

'သူဘာပြောနေတာလဲ'

"လီဟန်,ရှင်ဘာလို့ငိုနေတာလဲ?တော်တော့၊မငိုနဲ့တော့"

သူမလက်ကိုဆန့်ထုတ်လိုက်ကာ သူ့ပါးပြင်ပေါ်ကမျက်ရည်တွေကိုသုတ်ပေးလိုက်သည်၊ထို့နောက်နှလုံးသားကိုမာမာထားကာသူ့ကိုဆူပူလိုက်၏"မငိုနဲ့တော့၊ရှင်ကျွန်မအတွက်မငိုဘဲနေပေးလို့မရဘူးလား"

အခုဖြစ်ပျက်နေတာတွေကိုသူမနားမလည်နိုင်ဘဲ စိတ်ပျက်လက်ပျက်နဲ့မျက်လုံးတွေကိုမှိတ်ထားလိုက်သည်၊ဒါပေမယ့် သေချာတာတစ်ခုက၊သူငါ့ကိုချောင်ပိတ်ထားတာပဲ၊အဓိကဇာတ်ဆောင်မှာစွမ်းဆောင်နိုင်တဲ့အရာတွေအများကြီးရှိတယ်ဆိုတာသိတယ်..အဲဒါကပဲငါသူ့ကိုကြောက်တာ။

'ဒါပေမယ့်ငါကဘာလုပ်နိုင်မှာမို့လို့လဲ?ဒီလူက..'

'wrong personကိုမှထပ်ချစ်မိသွားတာလား?'

လီဟန်ကသူမတို့မင်္ဂလာညမှာတောင်ပိုင်းနယ်စပ်ကိုထွက်ခွာသွာ‌တော့;သူမအနေနဲ့ဒီဒုတိယအကြိမ်ကူးပြောင်းမှုမှာတော့အဓိကဇာတ်ဆောင်ကဗီလိန်မကိုမချစ်လောက်တော့ဘူးလိုထင်ခဲ့တာဖြစ်သည်။

Villainess Series 1 : အဓိကဇာတ်ဆောင်အားအနိုင်ကျင့်ခြင်းWhere stories live. Discover now