၄၇..ထွက်ခွာသွားခြင်း

4K 376 3
                                    

[Unicode]

"ဘိုးဘေးတွေကို ဂါ၀ရပြုမယ်"

အဲဒီအခိုက်အတန့်မှာနင်တို့ sh*tလို့ပြောရင်ကိုယ့်စကားလုံးကိုပြန်စားရမှာနော် (ཀ ∧ ཀ )

"ပထမအကြိမ် မိဘတွေကိုကန်တော့မယ်"

အနီရောင်သည် ကံကောင်းခြင်း၊ပျော်ရွှင်ခြင်းနှင့်ချမ်းသာခြင်းတို့ကို ကိုယ်စားပြုသည်၊ဟုတ်တယ်၊အဓိကဇာတ်ဆောင်ကိုလက်ထပ်လိုက်ရပြီ..အဲ့တာနဲ့ပက်သက်ပြီးနည်းနည်းတော့သံသယဖြစ်မိတယ်၊အို ချစ်တို့,PTSDအပြင်.. အဲဒီနေ့ကစပြီးကိုယ်တော့အနီရောင်ကြောက်ရောဂါဖြစ်နေပြီလို့ထင်တယ်။

"ဒုတိယအကြိမ် ကောင်းကင်နှင့်မြေကြီးကိုကန်တော့မယ်"

ဘာလို့ထွက်မပြေးတာလဲလို့တော့မမေးနဲ့၊စိတ်ရောကိုယ်ပါနဲ့ပါအကြိမ်ကြိမ်ထွက်ပြေးဖို့ကြိုးစားတာ၊ဒါပေမယ့်လည်းသနားစရာကောင်းလောက်အောင်ပြန်ပြန်မိတာပဲ၊နောက်တော့ပိုင်စုံတွဲကပါမင်္ဂလာမဆောင်ခင်တစ်လအလိုကတည်းကသူ့သမီးကိုအခန်းထဲမှာသော့ခတ်ပိတ်ထားလိုက်တော့သည်။

"တတိယအကြိမ် ဇနီးမောင်နှံချင်းကန်တော့မယ်"

ဒီလိုနဲ့ပဲ သူမအိမ်ထောင်သည်အမျိုးသမီးဖြစ်သွားသည်၊ငယ်ရွယ်တယ့်အသက်ဆယ့်ငါးနှစ်အရွယ်တွင် ဒီဘဲဗီလိန်မလေးသည်အဓိကဇာတ်ဆောင်ခွေးရူးနှင့်လက်ထပ်လိုက်ရပြီဖြစ်သည်။

မင်္ဂလာအခမ်းအနားပြီးတာနဲ့ ဧကရာဇ်လီဟိုင်ကအဓိကဇာတ်ဆောင်အား တောင်ဘက်နယ်မြေကိုချက်ချင်းထွက်ခွာဖို့အမိန့်ပေးလိုက်သည်၊ထိုအမိန့်အတွက် သူမဧကရာဇ်ကိုကျေးဇူးတင်ရမလားတောင်မသိတော့ပေ။

ထို့နေ့က သူမဝိညဉ်ခန္ဓာကိုယ်ကပါထွက်သွားမလားအောင်မေ့ရသည်၊သူမတကယ်.. မင်္ဂလာဆောင်နေစဉ်တစ်ချိန်လုံးစိတ်ရှုတ်ခဲ့ရသည်။

"ငါ အခုဘာဆက်ဖြစ်မှာလဲ?"

--

ဇာတ်ကွက်အတိုင်းပဲ,နှစ်နှစ်အတွင်းအဓိကဇာတ်ဆောင်ကတောင်ပိုင်းနယ်စပ်ကိုကျူးကျော်လာတယ့်ချူစစ်တပ်ကိုအောင်မြင်စွာခုခံကာကွယ်နိုင်ခဲ့သည်၊ဧကရာဇ်က အမိန့်ထုတ်ပြန်ပြီး လီဟန်ကိုနန်းဘုရင်ဘွဲ့ပေးအပ်လိုက်သည်။

Villainess Series 1 : အဓိကဇာတ်ဆောင်အားအနိုင်ကျင့်ခြင်းWhere stories live. Discover now