၃၉..နေရာ

4K 410 11
                                    

[Unicode]

အရမ်းထူးဆန်းတယ်။

လီဟန်က ငါ့ကိုသယ်ရတာကြိုက်တယ့်သူလို့ထင်ထားတာ၊အခု သူကတခြားမိန်းမတစ်ယောက်ကိုပွေ့ဖက်တာကော...ဂရုစိုက်တာရောလုပ်တတ်သားပဲ။စုရှင်းဘာကထူးဆန်းနေတယ်ဆိုတာရှာတွေ့သွားပြီဖြစ်သည်။

ညသည် မှောင်မိုက်ပြီးစိုထိုင်းနေ၏၊အခုအချိန်မှာထိုအရာက သူမနှလုံးသားထဲကခံစားချက်တွေနဲ့ဆင်တူနေသည်။

လည်ချောင်းကခြောက်ကပ်လာသလို ခံစားရပြီးဒူးကပါအားနည်းနေပြီဖြစ်သည်၊အခုချိန်ကျမှသူမ ဘာကိုကြောက်ရွံ့လို့ကြောက်ရွံနေမှန်းမသိပေ;ကိုယ့်ဒဏ်ရာကိုပြန်မြင်လိုက်ရတယ့်မြင်ကွင်းကြောင့်လား ဒါမှမဟုတ် သူတို့နှစ်ယောက်ကိုအတူတူမြင်လိုက်ရလို့လား,ရေ‌ရေရာရာမသိပေ။

သူမခေါင်းငုံ့လိုက်ကာတွေးလိုက်၏ 'ရယ်စရာ‌ကောင်းလိုက်တာ!'

မနာလိုမှုအငွေ့အသက်တစ်ချို့က သူမဆီမှပျံ့နှံ့လာပေမယ့် ချက်ခြင်းပယ်ချပစ်လိုက်သည်၊ငါ ရူးနေလို့ပဲဖြစ်မယ်၊မနာလိုစရာအကြောင်းမှမရှိတာ ဟုတ်တယ်မလား?လုံး၀ကိုမရှိတာ။

စုရှင်းရယ်ချင်လာတော့သည်။

ငါက အဆိပ်နဲ့မသေဘဲမြှားနဲ့သေရတော့မှာလား။

စစ်သူကြီးမင်က ဦးညွှန့်ကာပြောလိုက်သည် "သခင်မလေး,အခုသွားရပါတော့မယ်၊ဒီအစေခံက သခင်မလေးကိုထိုက်ကျိနန်းဆောင်ကိုခေါ်သွားပေးပါ့မယ်"

သူမငြိမ်သက်နေဆဲပင်၊ပတ်၀န်းကျင်က အရင်ကနဲ့မတူဘဲတိတ်ဆိတ်လွန်းနေသည်။

"သ..သခင်မလေး?"စစ်သူကြီးမင်ကတစ်ခုခုသတိထားမိသွားဟန်တူသည်။

လီဟန်ကချူ၀မ်၀မ်နဲ့ထွက်သွားပြီမို့ငါဒီမှာစိတ်ပျက်တဲ့အကြည့်နဲ့ရပ်မနေသင့်ဘူး၊ငါဘာကိုမျှော်လင့်နေတာလဲ?သူတို့က အဓိကဇာတ်ဆောင်တွေ၊သူတို့အတူနေရမှာအသေအချာပဲလေ၊သူတို့ရဲ့ကံကြမ္မာက ငါနဲ့ဘာမှမဆိုင်ဘူး။

'ဒီမှာ ငါ့အတွက်နေရာမရှိဘူး'

အိမ်ပြန်ဖို့အတွက်သူမသေရမယ်ဆိုတာသိသည်၊သို့သော် ပျော်နေသင့်ပေမယ့်သူမနှလုံးသားလေးကသို့ထိုကဲ့သို့ မနေနိုင်ပါ။

Villainess Series 1 : အဓိကဇာတ်ဆောင်အားအနိုင်ကျင့်ခြင်းWhere stories live. Discover now